* တရားတော်* (၂)
Опубликовано 14.04.2012
Myintthiha
* ရတနာသုံးပါး*
၁။ ဘုရားရတနာ
၂။ တရားရတနာ
၃။ သံဃာရတနာ။
* အနေ ႏၱာအန ႏၱငါးပါး*
၁။ ဘုရား
၂။ တရား
၃။ သံဃာ
၄။ မိဘ
၅။ ဆရာ။
* ကပ္သံုးပါး*
၁။ ရောဂါကပ်
၂။ လက်နက်ကပ်
၃။ ငတ်မွတ်ခြင်းကပ်။
*ပစ္စည်းဥစ္စာနှင့်ဆက်ဆံသော ရန်သူမျိုးငါးပါး*
၁။ မီး
၂။ ရေ
၃။ မင်း
၎။ ခိုးသူ
၅။ မချစ်မနှစ်သက်သော အမွေခံတို.။
* ဘုရားဂုဏ်တော်ကိုးပါး*
ထိုမြတ်စွာဘုရားသည် ဤသို.ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ အလုံးစုံသော တရားတို.ကို ကိုယ်တိုင် မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ အသိဉာဏ်(၀ိဇ္ဇာ)၊ အကျင့်(စရဏ)နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏။ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောက၀ိဒူ မည်တော်မူ၏။
ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏။ နတ်လူတို.၏ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း သတ္ထာဒေ၀မနုဿာနံ မည်တော်မူ၏။ သစ္စာလေးပါးတရားတို.ကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂ၀ါ မည်တော်မူ၏။
* တရားဂုဏ်တော်ခြောက်ပါး*
တရားတော်သည် မြတ်စွာဘုရား ကောင်းစွာဟောကြားထားသော တရားတော်ပါပေတည်း။
ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း။
အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း။
လာလှည့် ရှုလှည့်ပါဟု ပြထိုက်သော တရားတော်ပါပေတည်း။
မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။
(အရိယာ)ပညာရှိတို.သာ ကိုယ်စီကိုယ်ငှ သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း။
* သံဃာဂုဏ်တော်ကိုးပါး*
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူ၏။
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူ၏။
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သော အကျင့်ရှိတော်မူ၏။
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူ၏။
အစုံအားဖြင့်လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန်
ထိုက်တန်တော်မူပါပေ၏။ ဧည့်သည်တို.အလို.ငှါ စီမံထားသော ၀တ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏။ တမလွန်အတွက်ရည်မြှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏။
လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏။ သတ္တ၀ါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်ပါပေ၏။
* အပါယ်လေးပါး*
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသုရကာယ်။
*နတ်ပြည်ခြောက်ထပ်*
၁။ စတုမဟာရာဇ်နတ်ပြည်
၂။ တာဝတိံသာနတ်ပြည်
၃။ ယာမာနတ်ပြည်
၎။ တုသိတာနတ်ပြည်
၅။ နိမ္မာနရတိနတ်ပြည်
၆။ ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်။
*ပျက်စီးခြင်းငါးပါး*
၁။ ဆွေမျိုးပျက်စီးခြင်း
၂။ ပစ္စည်းဥစ္စာပျက်စီးခြင်း
၃။ အနာရောဂါဖြစ်၍ ပျက်စီးခြင်း
၎။ အယူမှန်ပျက်စီးခြင်း
၅။ သီလပျက်စီးခြင်း။
* ချို.ယွင်းခြင်း(၀ိပတ္တိတရား)လေးပါး*
၁။ မင်းဆိုးအုပ်ချုပ်သော ကာလမှာ ဖြစ်ရခြင်း
၂။ အပါယ်လေးဘုံမှာ ဖြစ်ရခြင်း
၃။ ရုပ်ဆင်းအင်္ဂါချို.တဲ့ခြင်း
၎။ မှန်ကန်သော ကြိုးစားအားထုတ်မှုမရှိခြင်း။
* လောကသုံးပါး*
၁။ သတ္တလောက
၂။ သြကာသလောက
၃။ သင်္ခါရလောက။
*ဓာတ်ကြီးလေးပါး*
၁။ ပထ၀ီ
၂။ အာပေါ
၃။ တေဇော
၎။ ၀ါယော။
*အာရုံခြောက်ပါး*
၁။ မျက်စိ
၂။ နား
၃။ နှာခေါင်း
၎။ လျှာ
၅။ ကိုယ်
၆။ စိတ်။
*ဘေးလေးမျိုး*
၁။ မီးဘေး
၂။ ရေဘေး
၃။ မင်းဘေး
၎။ ခိုးသူဘေး။
*ဂရုဓမ္မတရားငါးပါး*
၁။ သူ.အသက်ကို မသတ်ခြင်း
၂။ သူ.ဥစ္စာကို မခိုးယူခြင်း
၃။ ကာမဂုဏ်တို.မှာ မှားယွင်းစွာမကျင့်ခြင်း
၎။ မဟုတ်မမှန် မဆိုခြင်း
၅။ သေအရက်ကို မသောက်ခြင်း။
*ရှိခိုးခြင်းသုံးမျိုး*
၁။ ကိုယ်ဖြင့် ရှိခိုးခြင်း
၂။ နှုတ်ဖြင့် ရှိခိုးခြင်း
၃။ စိတ်ဖြင့် ရှိခိုးခြင်း။
* အနှစ်လေးမျိုး*
၁။ သီလအနှစ်
၂။ သမာဓိအနှစ်
၃။ ပညာအနှစ်
၎။ ၀ိမုတ္တိအရဟတ္တဖိုလ်အနှစ်။
*သံသရာချဲ.ထွင်တတ်သော တရားသုံးပါး*
၁။ တဏှာ
၂။ မာန
၃။ ဒိဋ္ဌိ။
*** (၂၄)ပစ္စည်းပဋ္ဌာန်းပါဠိတော်မြန်မာပြန်***
၁။ ဟေတုပစ္စယော၊
ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂။ အာရမ္မဏပစ္စယော၊
အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၃။ အဓိပတိပစ္စယော၊
အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၎။ အနန္တရပစ္စယော၊
အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၅။ သမနန္တရပစ္စယော၊
ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၆။ သဟဇာတပစ္စယော၊
တကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၇။ အညမညပစ္စယော၊
အချင်းချင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၈။ နိဿယပစ္စယော၊
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၉။ ဥပနိဿယပစ္စယော၊
အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၀။ ပုရေဇာတပစ္စယော၊
ရှေး၌ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၁။ ပစ္ဆာဇာတပစ္စယော၊
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၂။ အာသေ၀နပစ္စယော။
အဖန်တလဲလဲမှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၃။ ကမ္မပစ္စယော၊
မျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၄။ ၀ိပါကပစ္စယော၊
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၅။ အာဟာရပစ္စယော၊
ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၆။ ဣန္ဒြိယပစ္စယော၊
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၇။ ဈာနပစ္စယော၊
ကပ်၍ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၈။ မဂ္ဂပစ္စယော၊
အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၉။ သမ္ပယုတ္တပစ္စယော၊
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၀။ ၀ိပ္ပယုတ္တပစ္စယော၊
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၁။ အတ္ထိပစ္စယော၊
ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၂။ နတ္ထိပစ္စယော၊
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၃။ ၀ိဂတပစ္စယော၊
ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၄။ အ၀ိဂတပစ္စယော။
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပဋ္ဌာန်းတော်ကို ရွတ်ဆိုပူဇော်လျှင် ဘေးရန်ကင်းပါသည်။)
ပူဇော်သူ- သီဟ(ရေဦး)
* ယုံမှားသံသယရှိလျှင် ကျမ်းဂန်တို.၌ လေ့လာပါဗျာ။*
" ကုစားဖြေဖျောက်၍ မရသောကံငါးပါး"
၁။ အမိကို သတ်သောကံ၊
၂။ အဖကို သတ်သောကံ၊
၃။ ရဟန္တာကို သတ်သောကံ၊
၎။ သတ်တော်ထင်ရှားမြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုသောကံ၊
၅။ သံဃာကို သင်းခွဲသောကံ။
" သစ္စာလေးပါး "
၁။ ဒုက္ခသစ္စာ၊
၂။ သမုဒယသစ္စာ၊
၃။ နိရောဓသစ္စာ၊
၎။ မဂ္ဂသစ္စာ။
" ကံသုံးပါး "
ကာယကံ၊ oစီကံ၊ မနောကံ။
* ဆွမ်းလှူခြင်း၏ အကျိုးငါးပါး *
၁။ အသက်ရှည်ခြင်း၊
၂။ အဆင်းလှခြင်း၊
၃။ ညာဏ်ပညာကြီးခြင်း၊
၎။ ခွန်အားကြီးခြင်း၊
၅။ ချမ်းသာကြီးခြင်း။
* မိန်းမအင်အားငါးပါး*
၁။ အဆင်းလှခြင်း၊
၂။ ပစ္စည်းဥစ္စာပြည်.စုံခြင်း၊
၃။ ဆွေမျိုးအင်အားတောင့်တင်းခြင်း၊
၎။ သားသမီးရှိခြင်း၊
၅။ သီလရှိခြင်း။
* ယောက်ျားအားမိန်းမကြိုက်သော အချက်ငါးပါး *
၁။ ရုပ်ချောခြင်း၊
၂။ ပစ္စည်းဥစ္စာပြည့်စုံခြင်း၊
၃။ မူးယစ်စေသောအရာကိုမသုံးစွဲခြင်း၊
၎။ မပျင်းခြင်း၊
၅။ သားသမီးပေးနိုင်ခြင်း။
*တပည့်ဝတ္တရားငါးပါး*
၁။ နေရာမှထ၍ ကြိုဆိုခြင်း၊
၂။ ခစားဆည်းကပ်ခြင်း၊
၃။ စကားကို နာယူခြင်း၊
၎။ ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း၊
၅။ အတတ်ပညာတို.ကို ရိုသေစွာသင်ယူခြင်း။
* ဆရာ့ဝတ္တရားငါးပါး*
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို.၊ ဆရာတို.
ကျင့်ဖို.၀တ်ငါးဖြာ။
* မိဘ၀တ္တရားငါးပါး*
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်
ဖခင်မယ်တို.တာ။
* သားသမီးဝတ္တရားငါးပါး *
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို.တာ။
*ငယ်သော်လည်း မထီမဲ့မြင်မပြုအပ်သော အရာလေးပါး*
၁။ မြွေ
၂။ မီး
၃။ မင်းသား
၎။ ရဟန်း။
*သံယောဇဉ်သုံးပါး*
၁။ သက္ကာယဒိဋ္ဌိ
၂။ ၀ိစိကိစ္ဆာ
၃။ သီလဗ္ဗတပရာမာသ