ပိုင်ဆိုင်ခြင်းဆိုတာဘာလဲ
8/21/2009 တွင် တင်ထားသည်။
nyeinmahaw08
နှင်းဆီ ပင်က
နှင်းဆီပန်းကို
ပွင့်ပေးယုံလေးပါ
သူမပန်ခဲ့ ရဘူး။
ပန်းသီးပင်က
ပန်းသီးကို
သီးပေးခဲ့ ယုံလေးပါ
သူမစားခဲ့ ရဘူး။
စမ်းချောင်းက
အေးမြတဲ့ ရေ ကို
စီးဆင်းပေးယုံလေးပါ
သူမသောက်သုံး ခဲ့ ရဘူး ။
ငြိမ်းမဟော်က
သူ့  ကိုချစ်တာ
ချစ်ခဲ့ ယုံလေးပါ
မပိုင်ဆိုင်ချင်ခဲ့ ပါဘူး ။
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[5]
ဘ၀သင်ခန်းစာ တခု
8/20/2009 တွင် တင်ထားသည်။
nyeinmahaw08
သစ်ကုလားအုပ်တွေဟာ မွေးလာကတည်းက မတ်တပ်ရပ်ကြပါတယ်။ ပထမဆုံး အနေနဲ့ မွေးဖွားခါစ ကုလားအုပ်ပိစိလေး ဟာ ခြေမခိုင်ဘဲ နှစ်မီတာလောက်မှာ တခါလဲကျတယ်။ သူဟာလဲနေရာကနေ ရောင်တောင်တောင်နဲ့ ထပြီး သူခြေထောက်လေးပေါ်မှာရပ်တည်ဖို့ ကြိုးစား လိုက်ပြန်တယ်။ အဲဒီ အခါမှာ မေမေ သစ်ကုလားအုပ်ကြီး ရဲ့ ထူးဆန်းတဲ့ အပြုအမူ ဟာအံသြစရာကောင်းတယ်။သူက သူ့  ရဲ့ ပိစိကွေး
သူ့ ကလေး ကို ကို့ ရို့ ကားယားနဲ့ လဲ ကျသွားအောင်
သူ့ ခြေထောက်နဲ့  ဖွဖွ ကန်လိုက်တယ်။ နောက်တစ်ခါ ထပ်ပြီး ရပ်ဖို့ ကြိုးစား ရင် တစ်ခါ ထပ်ကန်လိုက်ပြန်တယ် ။ မွေးဖွား ကာစ သစ်ကုလားအုပ်ပိစိလေး က ပင်ပန်းကြီးစွာခက်ခက်ခဲ ခဲရပ်ရတဲ့ အထိ အဲဒီကိစ္စ ဟာ ခဏခဏဖြစ်နေတယ်။
နောက်ဆုံး တော့ မေမေ သစ်ကုလားအုပ်မကြီးက သူ့ ခြေထောက်တွေကို အားကုန်ထုတ် ပြီး ကန်လိုက်ပြန်တယ်။ အဲဒီနောက် ထပ်မကန်တော့ဘူး။
တကယ်တော့ ခက်ခဲ ပင်ပန်းကြီးစွာရုန်းကန်ရှင်သန်ရတဲ့ တိရိစ္ဆာန်တွေ ရဲ့ဘ၀ကို သွတ်သွင်းနေတာပါ။ သစ်ကုလားအုပ်တစ်ကောင် တွက် ပထမဆုံး သင်ခန်းစာ ကတော့သူ့ခြေထောက်တွေကိုလျှင်မြန်စွာအသုံးချနိုင်
ဖို့ ဖြစ်ပါတယ်။ အဲဒီမိခင်ရဲ့ ကြင်နာခြင်းကင်းပုံပေါ်
တဲ့ မြင်ကွင်းက နေ အာရပ်စကားပုံတခု ထွက်ပေါ်လာတယ်ခဲ့ တယ်။
""တစ်ခါတစ်ရံကောင်းမြတ်တဲ့ အရာကို သင်ယူဖို့ 
အတွက်သင်ဟာ အနည်းငယ်တော့အကြမ်းပတမ်းခံနိုင်ရမယ် " တဲ့ ။
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[1]
ပြီးပြည့်စုံတဲ့ ယောင်္ကျား
8/19/2009 တွင် တင်ထားသည်။
nyeinmahaw08
ကျွန်မ ရဲ့ အန်တီ နဲ့  စကားတွေ ပြောနေခိုက် အန်တီက မေးတယ်
'' သမီး အိမ်ထောင်ပြု ဖို့ တခါ မှ မစဉ်းစားခဲ့ ဘူး လား တဲ့ "
'' ဟာာ စဉ်းစား တာ ပေါ့  " အန်တီ လို့ ကျွန်မ ပြန်ပြော ခဲ့ တယ် ကျွန်မ အရွယ်ရောက်ပြီ ဆိုကတည်း က ပြီးပြည်စုံ တဲ့ ယောင်္ကျား တစ်ယောက်နဲ့ ဆုံဆည်း နိုင်ဘို့ မျှော်လင့် ခဲ့ ဘူးတယ်။ စင်္ကာပူ ကို ကျောင်းသွားတက်တုန်းက အမျိုးသား တစ်ယောက် နဲ့ တွေ့ တယ် သူက အင်မတန် စိတ်ထားကောင်းတယ် ပြည်ဝတယ် ဒါပေမယ့် လောကကြီးအကြောင်းကို ဘာမှ နားမလည်ဘူး ။ ပြီးတော့စာပေလည်း ၀ါသနာမပါဘူး ။
နောက်ကျွန်မ အင်္ဂလန်မှာကျောင်း တစ်နှစ် သွားတက် ရတယ်အဲဒီမှာလဲ အမျိုးသား တစ်ယောာက်တွေ့ ခဲ့ တယ် သူက စိတ်သဘောထားလဲ ပြည့် ဝတယ် ဘာသာရေးလဲ ကိုင်းရိုင်းတယ် ချောလဲချောတယ် စာပေလဲ ၀ါသနာပါတယ် လောကကြီးအကြောင်းလဲ နားလည်တယ်
အန်တီက ပြောတယ် " ဒါဆို ဘာလို့  သူကို သမီးလက်မထပ်ခဲ့ တာလဲ တဲ့ "
ကျွန်မ ကပြန်ပြောလိုက်တယ်
" အန်တီ သူကလည်း ပြီးပြည့် စုံတဲ့  မိန်းမ ကိုလိုက်ရှာနေတယ်လေ "
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[7]
ခဏလေးပါ
8/19/2009 တွင် တင်ထားသည်။
nyeinmahaw08
အိုင်းစတိုင်းလဲမဖြစ်ချင်ဘူး
ဆိုကရေးတီးလို လဲတွေးမနေချင်ဘူး
ဒိုင်ယာနာကိုလဲ အားမကျခဲ့ ဘူး
ဘရတ်ပစ်ဒ် နဲ့ လဲ လက်မထပ်ချင်ဘူး
မာရီယာရှာရာပိုဗာ လိုလဲ မကျော်ကြားချင်ဘူး
လကမ္ဘာပေါ်ကိုလဲ မသွားချင်ဘူး
လူကိုသေစေမယ်အဆိပ်လက်နက်တွေ
အကြောင်းလဲ မကြားချင်ဘူး
ဝေါ့ လ်ဒစ်စ္စနေ ကို လဲ ခဏခဏသွားမလည်ချင်ဘူး
ဒေးဗစ်ကော်ပါဖီးလ် ရဲ ပြကွက်ဆန်းတွေ မှာလဲ ငေးမောမနေ ချင်ဘူး
ဝင်လေထွက်လေထက် ကို
စိတ်ကူး နဲ့ ဖမ်းဆုပ်
သစ္စာတရား ရဲ့ တန်ဖိုး ကို
လှမ်းမျှော်ကြည့်ရူ့ 
ပညတ်နဲ့ ပရမတ် ကိုတွေးတော
ဘ၀ဆိုတာ
မပြောမဆို ကြွေကျတဲ့ 
သစ်ရွက် သဘောလေးပါ။
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[5]
မိုင်များစွာ
8/19/2009 တွင် တင်ထားသည်။
nyeinmahaw08
ကြေကြေကွဲကွဲလေးပါ
(အချစ်ရေ)
မင်းနဲ့ ငါ ဝေးကွာခဲ့ ရပုံများ။
လေယာဉ်ခရီး 2 ရက်စာ
သွားရတဲ့ လမ်း ......။
မင်းအချစ်တွေအကြောင်း
ငါ နှလုံး မကောင်းခဲ့ တာကြာပေါ့။
မင်းစကားလုံး တွေ အကြောင်း
ငါ နားမကောင်းခဲ့ တာကြာပေါ့။
ငါ က
ငါချစ်တဲ့  ငါ့ အမေ
အဲဒီ စိတ်ချမ်းသာမူ့ တွက်
ပေးဆပ်ခဲ့ တာ ကြာပေါ့။
(အချစ်ရေ)
မင်းနဲ့ ငါ ဝေးကွာခဲ့ တာ
ကြေကြေကွဲကွဲလေးပါပဲ။
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[2]
မျောက်တွေ လက်ကို ဘယ်မှာထားမလဲ
8/11/2009 တွင် တင်ထားသည်။
nyeinmahaw08
ကျွန်မ မိတ်ဆွေ ကိုပြောမိတယ်။
ဒီစကားပုံ က ထူးခြားတယ်။ မျောက်တွေ ဟာ သူတို့ လက်တွေ ကို အိုးထဲမှာ မထားဘူး ဆိုတာလေ
မိတ်ဆွေက ပြန်ပြောတယ်။
ဟုတ်တယ် ။
အဲဒါ နဲ့ ဆိုင်တဲ့ ယုတ္တိ ဗေဒ တခု ရှိတယ် ။
အိန္ဒိယနိုင်ငံ မှာ ပေါ့ ။ မုဆိုးတွေ က အုန်းသီးကို အပေါက် သေးသေးလေးတစ်ခု ဖောက် ပြီးအထဲမှာ ငှက်ပျောသီး တစ်လုံးကို ထည့် လိုက်တယ် ။ပြီးတော့ အဲဒီအုန်းသီး ကို မြေကြီးပေါ်မှာမြုပ်ထားလိုက်တယ်။ အဲဒီအုန်းသီး ကို တွေ့ တဲ့ မျောက်က အထဲက ငှက်ပျောသီး ကို လိုချင်တာနဲ့  သူ့ လက်ကို အပေါက်ထဲ ထည့်လိုက်တယ်။ ဒါပေမယ့် သူဟာ သူ့ လက်ကို ပြန်မထုတ်နိုင်တော့ဘူး ။ဘာဖြစ်လို့ လဲဆိုတော့ ဆုပ်ထားတဲ့ သူရဲ့ လက်က အပေါက်ထက်ကြီးနေတာကိုး။ မျောက်ဟာ ငှက်ပျောသီးကိုလဲ လက်မလွှတ်နိုင်ဘူးဖြစ်နေတယ်။အဲဒီတော့ ထွက်မပြေးနိုင်တဲ့ သူ့ ကို မုဆိုးက အလွယ်တကူ ဖမ်းနိုင်တာပေါ့ ။
ကျွန်မ တို့ ရဲ့ ကိုယ်ပိုင်ဘ၀တွေထဲ မှာလည်းအလားတူ အဖြစ်မျိုးကြုံရတတ်ပါတယ်။ တစ်ခါတလေ ကျွန်မတို့  လိုချင်တဲ့ အရာတွေဟာ သေသေချာချာတွေးကြည့် ရင်သေးသေးဖွဲဖွဲနဲ့ အသုံးသိပ်မ၀င်တာတွေဖြစ်နေတတ်တယ်။ ကျွန်မ တို့ ဟာ အဲဒီအရာတွေရဲ့  အကျဉ်းသားတွေဖြစ်ပြီး ဘ၀ ဇာတ်သိမ်းကြရတယ်။
(Where the monkey puts his hands)
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[6]
လောဘ ဆိုတာဘာလဲ
8/10/2009 တွင် တင်ထားသည်။
nyeinmahaw08
ကိလေသာဆယ်ပါး ထဲ က တစ်ပါးဖြစ်တဲ့
လောဘ(လိုချင်တပ်မက်မူ) အကြောင်းလေး ကိုပြောပြချင်ပါတယ်
လူတိုင်း လောဘလေးနဲ့ မကင်းဘူးလေ
ဒါကြောင့်လောဘဆို တာဘာလဲ သိထားသင့် ပါတယ်
လောဘဆိုတာ ပူလောင်စေပါတယ် လူကို အစဉ်သဖြင့် နှိပ်စက်တယ် နစ်မွန်းစေတယ် ဘုရားရှင်က ဟောထားတာ က သဘောတရားကတော့ လိုချင်တာတပ်မက်တာလောဘ ပါ ။
လောဘကိုအကြောင်းခံပြီး ဖြစ်လာတဲ့ ပူလောင်စေတဲ့ တရားတွေ ပုထုဇဉ် ကို မနေနိုင်အောင်နှိပ်စက်တဲ့ တရားတွေ က များပါတယ် ။ လောဘကြောင့်
(၁)စွဲလမ်းခြင်းသဘော ရာဂ ဖြစ် လာတယ်။
(၂)အပြင်းထန် စွဲလမ်းခြင်း သာရာဂ ဖြစ်လာတဲ့ အခါ လူ့ စိတ်ဟာ ဘယ်လိုနေရမလဲ အိပ်မရ စားမရ အပူနာတွေဖြစ်လာတယ်။
ချစ်ကြိုက်
ပေါင်းဖော်ရောနှောခြင်းကလဲလောဘ။
ချစ်ကြိုက် ပြီးတွယ်တာနေတာ ကလဲလောဘ။
နှောင်ဖွဲ့ တာကလဲလောဘ။
တောင့်တတာ လွမ်းတာ တမ်းတတာ လောဘ။
အဆင်း အနံ့  အရသာ အသံ အတွေ့ အာရုံ အားလုံးကို တောင့် တ တာ ပစ္စည်းဥစ္စာတောင့်တ မူ သားသမီးတောင့်တ မူ အသက်ရှင် ခြင်းတောင့်တမူ ကျန်းမာခြင်းတောင့်တ ခြင်းအားလုံးလောဘပဲ။
ငါ့ ဟာ ငါ့ ဥစ္စာ လိုပြောဆိုစေတတ်တဲ့တပ်မက်မူ သဘော အချိန် ရှိ သရွေ့ ငါ့  ငါ ငါ ဆိုတာလဲလောဘ။
အဆမတန်လိုချင်နေတာလဲလောဘ မျှော်လင့်ခြင်း ၊တောင့်တခြင်း ၊ ချစ်ခင်ခြင်းကလဲလောဘ၊
ဝဠ်ဆင်းရဲ မှာ နစ်မြုပ်စေတတ်ခြင်းသဘော သြဃ ဟာလဲ တရားကိုယ် အားဖြင့် လောဘပါ။
ဝဠ်ဆင်းရဲမှာ ဆက်စပ်ထုံးဖွဲ့ ခြင်း ဂန္တ ဟာလည်းလောဘ၊၊ သတ္တ၀ါ ကို ဆင်းရဲ မှာ နှောင်ဖွဲ့ စေတတ်တာလဲလောဘ
စိတ်ကိုကပ်ပြီးညစ်နွမ်းစေတာလဲလောဘ
ဆင်းရဲခြင်းရဲ့ အခြေမြစ်ဒုက္ခ မူလဟာလဲလောဘ
အကုသိုလ်တရားတို့ ရဲ့ မူလ အခြေမြစ်အကုသလ မူလဟာလည်း လောဘ ပါ ဘုရားရှင်က ဟောခဲ့တဲ့ လောဘအကြောင်းတွေ ပါ ။
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[7]
စိတ်ညစ်ခြင်းရဲ့ အကျိုးရလဒ်
8/8/2009 တွင် တင်ထားသည်။
nyeinmahaw08
စိတ်ညစ်ခြင်း ဆိုတာ လူဖြစ်လာရင်ဖြစ်မှာပဲ
စိတ်ညစ်လိုက်တာနော် ဆိုတဲ့ စကားကိုပြောဘူးမယ်လို့ ထင်ပါတယ်
လူဆိုတာအခက်ခဲ အတားဆီး နဲ့  အရာအားလုံးကိုကျော်ဖြတ်ရပါတယ်
ကျန်းမာရေး ချမ်းသာရေး ချစ်မေတ္တာရေး တွေ နဲ့ ပွေလီနေတဲ့ လူဘ၀မှာ အရာရာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့ အခါ စိတ်ညစ်တတ်ပါတယ်
ကဲ အဲဒီလို စိတ်ညစ်နေတဲ့ အကျိုးရလဒ်က ဘာတွေ ဖြစ်လာနိုင်လဲ ဆို ကိုယ်တွက် မကောင်းတဲ့ ဆိုးကျိုးတွေ ပဲရရှိတတ်ပါတယ် စိတ်ညစ်ခြင်း စတင်ပြီဆိုတာ အရင်ဆုံး မျက်ခုံးကျော တွေ ရူံတွလာတယ် မျက်နှာမှာရွင်လန်းခြင်းမရှိတော့ဘူး
မျက်နှာ မှာ ရွင်လန်းခြင်းမရှိတော့ရင် သွားလာူ့မှာလဲနှေးကွေးလာတယ် ခန္တာ ကိုယ်မှာလဲ ရောဂါဖြစ်စေမယ်ကင်ဆာဆလ်ဖြစ်မယ်ဆဲလ်တွေတိုးပွားလာပါတယ်.....သွေးတိုး နှလုံး ရောဂါ နဲ့ ဦးနှောက်သွေးကြောပြတ် နိုင်တဲ့  အကြောင်းအရာတွေ နဲ့  နှလုံးသွေးကြောပိတ်ရောဂါတွေ စသည် အပြင် စိတ်ဖိစီး မူ နဲ့ စိတ်ကျရောဂေါတွေ ဖြစ်တတ်ပါတယ်........
လူအခြင်းခြင်းဆက်ဆံမူမှာလဲ အဆင်မပြေတော့ဘူး အရာရာ ကို တွေးဆကြည့် ပါ လူတစ်ယောက်တွက်စိတ်ညစ်ခြင်းဆိုတာ လူတစ်ယောက်တွက် မကောင်းတဲ့ အရာ ပါ မကောင်းတဲ့ အရာကိုလက်မခံခြင်းက မကောင်းတဲ့အရာမရှိစေတဲ့  အကြောင်းတရားပါ
လူတစ်ယောက်မှာ အခက်ခဲ ဆိုတာ ရှိနေမှာပါ အသက်ရှင်ခြင်း ရှိရင်အခက်ခဲ ရှိနေမယ် စိတ်ညစ်ခြင်းတွေရှိနေမယ် ဒါတွေ ကိုရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် စိတ်ခွန်အားသာ လိုတာ ပါ စိတ်ညစ်ခြင်းရဲ့  အကျိုးရလဒ် ဟာ မကောင်းသောအကျိုးရလဒ်ပါ ကောင်းသောအကျိုးရလဒ်မဟုတ်ပါဘူး အဲဒီတော့ လက်မခံပါနဲ့  ရင်ဆိုင်ဖြတ်ကျော် ပါ လူတစ်ယောက်ဟာ သူ့ ရဲ သေနေ့  မရောက်သေးမှ တော့ ဘယ်လိုအခက်ခဲ ကိုမဆို ရင်ဆိုင်ရမှာပဲ မရင်ဆိုင်ချင်လို့ ထွက်ပြေးလို့ လဲ မရပါဘူး
မည်သည်အခက်ခဲ ကိုမဆို မိမိ အသက်နဲ့  ကိုယ်တည်နေ့ တဲ့ ထိ ရင်ဆိုင်ရ မှာ ပါ စိတ်ညစ်ခြင်း ရဲ အကျိုး ရလဒ် ကတော့လူတစ်ယောက်အတွက်ဘယ် လို ပြသာနာမျိုးကိုမှ ပြေလည်အောင်ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး အဲဒီတော့ဘယ်တော့မှ စိတ်ညစ်ခြင်းရဲ့ အကျိုးရလဒ်ကိုလက်မခံပါနဲ့ ငြင်းဆန်ပါ
မသေသေးလို့ ရင်ဆိုင်နေရမှတော့ကိုယ်ကျန်းမာရေးကိုထိခိုက်ခံပြီးလက်ခံစရာမလို ပါဘူး ကဲ ဒီတော့ ရဲ ရဲရင်ဆိုင် ပျော်ပျော်ဖြတ်သန်း တို့ ဘ၀လမ်း ...........
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[7]
သင်ရုပ်တု ကို ကိုးကွယ်နေတာလား
8/5/2009 တွင် တင်ထားသည်။
nyeinmahaw08
သင်ရုပ်တုကို ကိုးကွယ်နေတာလား လို့  သင့်ကိုမေးခဲ့ ရင်ဘယ်လို ပြန်ဖြေမလဲ ....... ဗုဒ္ဓ ဘာသာဖြစ်လာ ဖို့  ကိစ္စ မှာ ရုပ်တု ကိုးကွယ်ခြင်း ပူဇော်ပသ ခြင်း ဆိုတဲ့ ကိစ္စ နှစ်ခု က တော်တော် စိတ်အနှောင့်အယှက် ဖြစ် စေတယ် အင်္ဂလိပ်လို ဆိုရင် အဲဒါ က Ritualiasm ပူဇော်ပသမူ့ အလေ့ထ လို့ ခေါ်တယ် ဘုရားစင် မှာ ပူဇော်ခြင်း ကို တရားသဘောနဲ့ မကြည့် မြင်တတ်ပါ က ဒါဟာ လောကီအကျိုး စီးပွား ကိုမျှော်လင့် ပြီး ပူဇော်ပသ တဲ့ သက္ကာယဒိဠိ ဖြစ်သွားပြီ .... ဗုဒ္ဓဟာ ဖန်ဆင်းရှင် ဘုရား မဟုတ်ဘူး မ စ တာတို့  ကို ဘာမှ လုပ်မပေး ဘူး မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်ပြုသွားပြီ မြတ်စွာဘုရား ကိုပူဇော် တာ သူရဲ့  ဂုဏ်ကျေးဇူး နဲ့ သူတရားတွေ ကိုပူဇော်တာမျိုး ပဲဖြစ်ရမယ် ရုပ်တုကိုမစွဲ လမ်းရဘူး ငါ့ ကန်တော့ရင် ဘုရားက ငါ့ ကိုမ မှာပဲ ဆုတောင်းတိုင်းတော့ပြည့်မှာပဲ ဆိုတဲ့ အယူစွဲ တွေ ကို မထားသင့် ပါဘူး
ရုပ်တုဆင်းတော်ကို တည်ထားကိုးကွယ် တာကတော့ Idol ခေါ်တဲ့  ရုပ်ပွားဆင်းတုကို ပူဇော်တာ မဟုတ်ဘူး Ideal ဆို တဲ့  ယုံကြည်ချက်စံနမူနာ ဂုဏ်ကျေးဇူး အဖြာဖြာ ကို ရည်မှန်းပူဇော်တာ ဖြစ်ပါတယ် ပညတ်နဲ့ ပရမတ် ကွဲရမယ် ရုပ်တု ကိုမစွဲလမ်းရဘူး အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဆိုတဲ့ ဘုရားဂုဏ်တော်ကိုအစဉ်မြဲ အောက်မေ့ ခြင်းဖြင့် ပဲ ကမ္မဠာန်းဖြစ်စေပါတယ်။ အဲဒီ တော့ ကျွန်မ တို့ ကိုမေးခဲ့ ပါကပြန်ဖြေနိုင်ရမယ် ... ရွေတိဂုံဘုရားပေါ်မှာ မြင်မကောင်းအောင် ဆုတောင်းပဌာ ပြုနေကျတာ အော်ကြီးဟစ်ကျယ် ဆုတောင်းတတွတ်တွတ်ရွတ်နေတာတွေက မသင့်တော်ပါဘူး
ပန်းနံသာ နဲ့ ဆီမီး ပူဇော် နေတာ ကလဲ ကိုယ့်တွက် ရည်ရွယ်ပြီး ငါ တော့အဆင်ပြေပေါစေ ဆိုတဲ့  စိတ်နဲ့ ကပ်လျှူပူဇော်တာမျိုးမဖြစ်ရပါဘူး ဒါ ပေမယ့် ဒီလို ပူဇော်ကြတာကလဲ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ဓလေ့ ထုံးစံ ဖြစ်နေပါပြီ ဒီလို ပူဇော် ခြင်းမျိုးဟာသွယ်ဝိုက်သောနည်းဖြင့်ဘာဝနာတရားပွားများတာဖြစ်ရပါမယ်
အလင်းဓာတ် ထွန်းညှိ့ ပူဇော်တာကလည်းထူးမြတ်တဲ့ ဥာဏ်ကိုကိုယ်စားပြုတာဖြစ်ပါတယ် အဲလို ထွန်းညှိပူဇော် လိုက်ခြင်းအားဖြင့် ဗောဓိဥာဏ်မဂ် ဥာဏ် ဖိုလ်ဥာဏ် ရပါ လို ၏ လိုရည်ရွယ်လိုက်ခြင်းမျိုးနဲ့ ပူဇော်ရမယ် အမွှေး နံ သာ ကတော့သီလဂုဏ် သမာဓိဂုဏ်ကို ကိုယ်စားပြုပါတယ်သီလ ရှိ တဲ့ ပုဂ္ဂိုလ် သမာဓိရှိတဲ့ ပုဂ္ဂိုလ် ရဲ့ ဂုဏ်သတင်းဟာပျံနှံ့ သွားတတ်တယ် အမွေးနံ သာက တော့သီလသမာဓိကိုကိုယ်စားပြုပူဇော်ခြင်းဖြစ်ပါတယ် ပန်း နဲ့ ပူဇော်တာကတော့ နှလုံးသွင်း ရမယ်ဘာလဲဆိုတော့ အနိစ္စ တရားပါပဲ ပန်းဆိုတာ လန်းဆန်းလှပ နေတယ် တိုတောင်းတဲ့ အချိန်တွင်းမှာ ညိုးခြောက် ပျက်စီးသွား ပြီးနံစော်သွားတတ်တယ်လေ ဒီ လက္ခဏာကို ခန္တာမှာ ရူ့ မှတ် ရမယ် ဒီလို ပွားများပြီးဘုရားရှင်ကိုပူဇော်တတ်မှ ဗုဒ္ဓ နည်းကျ ဘုရားကို ပူဇော်ခြင်း အစစ်မှန်ဖြစ်ပါတယ်
နောက်တမျိုး ကတော့ သောက်တော်ရေချမ်းနဲ့ ဆွမ်း ကပ်တဲ့ ကိစ္စ ကို ဘာသာခြားတော်တော်များများက မေးမြန်းခြင်းကိုခံရပါတယ် ....
ဒါကတော့ဘုရားရှင် သုံးဆောင် ဖို့ ပူဇော်ခြင်းမျိုးမဟုတ်ပဲ တကယ်တော့လဲ ဘုရားရှင် ကလဲ ဆွမ်းလဲမစားတော့ဘူးသောက်တော်ရေချမ်းလဲ မသုံးဆောင်တော့ဘူး ဘုရား ပရိနိဗ္ဗာန် ပြု သွားပြီပဲ ဒါဖြင့် ဘာလို့ ပူဇော်နေလဲမေးရင်တော့ ဖြေရပါလိမ့်မယ် ဗုဒ္ဓဘာသာမြန်မာလူမျိုး တွေ က ဘုရားတရားသံဃာ ကိုဦးထိပ်ထား ပါတယ်ဦးစားပေးပါတယ် ဘုရားတရားသံဃာ မိဘ ဆရာ ကိုအဦးမထားပဲ ဘာကိုမှ မစားဘူး မသောက်ဘူး ဒါက ကြည်ညိုခြင်း သဒ္ဓါ သဘောတရားပဲ ဒါဟာကျွန်မ တို့ ရဲ့  မွန်မြတ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ ဓလေ့ ထုံးစံပါပဲ ....
ဘုရားရှင်ကိုပန်းဆီမီးရေချမ်း ဆွမ်းတွေကို အဓိပ္ပယ်မရှိကပ်နေတာလားလို့ မေးတဲ့  သူငယ်ချင်း ရေ ဗုဒ္ဓဘာသာမှာ အဓိပ္ပယ်မရှိတဲ့  အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး ......
ကျေနပ်ပါနော်
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[7]
ငါးပါးသီလတောင်းတဲ့ အခါ
8/4/2009 တွင် တင်ထားသည်။
nyeinmahaw08
ငါးပါးသီလကို ဗုဒ္ဓဘာသာဝင်တိုင်း ရပါတယ်
ခက်တာက အနက်အဓိပ္ပယ်ကိုသေချာ မလေ့လာမသိရှိကြတာ ပါ ချစ်သူငယ်ချင်း luckymay ကလဲ တော်တော်စပ်စပ်စုစု နဲ့ မေးတတ်ပါတယ် အဲဒီတွက် ဒီ ငါးပါးသီလ နဲ့ ပတ်သတ်ပြီးသိသင့် တာကို ရေးပြချင်တာပါ
အဟံ ဘန္တေိ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ လို့  ဆိုပါတယ်
ငယ်ငယ် ကတော့ဆိုတာပဲသင်ပေးထားတဲ့ အတိုင်း အနက် ကိုမသိဘူး ရနေတာပဲ
အဟံ (အကျွန်ုပ် ဘုရား တပည့်တော်သည် ၊တိသဏေန သုံးပါးသော သရဏဂုံ နှင့်  သဟ အတူတကွ ၊ ပဉ္စသီလံ ငါးပါးသီလ ဟု ဆိုအပ်သော ၊ဓမ္မံ ကျင့်ဝတ် သိက္ခာပုဒ် ကို ယာစာမိ တောင်းပန်ပါ၏ ဘန္တေအရှင်မြတ်ဘုရား မေ ဘုရားတပည့် တော် အား အနုဂ္ဂဟံ ချီးမြှောက် ခြင်းကို ကတွာ ပြုတော်မှူ လို့ သီလံကျင့်ဝတ်သိက္ခာပုဒ် သီလ ကို ဒေထ ပေးသနားတော်မူပါ ဘုရား လို့ တောင်းပန်တာ နှစ်ကြိမ်မြှောက် သုံးကြိမ်မြှောက် ဒီလို သီလ ကိုတောင်းတဲ့ အခါ ဘုန်းကြီး ရဟန်းများက ဘယ်လို ပြန်ဆိုလဲ ဆိုတော့
ယမဟံ ၀ဒါမိ တံ ၀ဒေထ လို့  ဆိုတယ် အဲဒါဘာပြောတာလဲ နားမလည် ခဲ့ ဘူး ဘာမှန်းတော့မသိဘူး ဘာလို လဲ ဆိုတော့မိရိုးဖလာ ရှေ့ က လူကြီးက ဆို ရင်လိုက်ဆိုတာ ပဲ ဒီလိုလုပ်ဆို လုပ်တာ အဲဒါမကောင်းဘူး လောကီ လောကုတ္တရာ ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး ကိုယ့် ကိုးကွယ်တဲ့ ဘုရား နဲ့ ပတ်သတ်တာ အများကြီး မသိရင်တောင် နားလည်အောင် လေ့ လာရပါမယ် ဗုဒ္ဓ ဘာသာလို့ ပြောချင်ရင် လေ့ လာပါ သိအောင်လုပ်ပါ ကျွန်မ ဟာ ငယ်စဉ်ကတည်း က အဖေ ကခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အတွက် ခရစ်ယာန်ကိုကိုးကွယ်ခဲ့ ပါတယ်ဒါပေမယ့့်မေမေကလဲ ဗုဒ္ဓ ဘာသာဝင်ဖြစ်တဲ့ အတွက် ဗုဒ္ဓ ဘာသာနဲ့ လဲမစိမ်းခဲ့ ပါဘူး ဘာသာနှစ်ခု အကြားမှာတော်တော်လေ့လာခဲ့ ရပါတယ့်အရွယ်ရောက် လို့ ကိုယ့် ရဲ့ ကိုးကွယ်မူကိုလွတ်လပ်စွာရွေးချယ်ခဲ့ ပါတယ် အဲဒီနောက်မှာ လေ့ လာဖြစ်ခဲ့ ပါတယ် ခု ထိလဲ လေ့ လာဆဲ ပါ ကျွန်မ ခု ရဲ ရဲ ပြောနိုင်တာက တော့ ကျွန်မ သည် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါတယ် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် လေ့လာကြိုးစား နေတဲ့ သူ သင်ယူ နေဆဲ သူတစ်ယောက်ဖြစ်ပါတယ် ဘာမှန်းမသိပဲယုံကြည် တာမျိုးကိုတော့လက်မခံနိုင်ပါဘူး ကိုယ်ယုံကြည်ကိုးကွယ်နေတဲ့ ဘုရားအကြောင်းကို သိသင့်လေ့ လာသင့်ပါတယ် လို့ ထင်ပါတယ်
ကဲ စောစောက ပြောတဲ့ ဘုန်းကြီး က ယမဟံ ၀ဒါမိ တံဝဒေထ ဆို တာ က အကြင်စကားကို ငါဆိုမယ် ငါဆိုတဲ့ အတိုင်းလိုက်ဆိုကြလို့ ပြောတာ ပါ
ကျွန်မ မသိခဲ့ တုန်းက အဲဒါ ဆုပေးတာထင်နေတာ
ကျွန်မ တို့ က လဲ ပြန်ဆို ပါ တယ် အာမဘန္တေ အရှင်ဘုရားလို ပြန်ဆိုတယ် အဲဒါကလိုက်ဆိုပါမယ်လို ၀န်ခံတာ ပါ
အဲဒါပြီးတာနဲ့ နမောတသ၁ ဘုရားရှိခိုး ပါတယ် ဘုရားရဲ့ ဂုဏ်တော်တွေကို ရှိခိုးပြီးရင်ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ သုံးကြိမ်ဆို ပြီးရင်ဘုန်းကြီးက ပြောပြန်တယ် ဘယ်လို ပြောပြန်လဲဆိုတော့
တိသရဏ ဂမနံ ပရိပုဏ္ဏံလို ဆို ပြန်တယ်
အဲဒါဘာပြောတာလဲမသိပြန်ဘူး
တိသရဏ ဂမနံ သုံးပါးသော သရဏဂုံ ကိုမှီဝဲ ဆည်းကပ်ခြင်း သည် ပရိပုဏ္ဏံပြည်စုံပြီလားလို့ မေးတာပါ
အဲဒီတော့မှ အာမဘန္တေ ပါ ပြန်ဆိုတယ် ပြည့် စုံပါတယ် လို့  ပြန်ပြောခြင်းဖြစ်ပါတယ်
ကဲ သူငယ်ချင်း ရေ မင်းသိချင်တဲ့  ဘုန်းကြီး က သီလပေးတဲ့ အခါပြောတာဘာတုန်း ငါတို့ ကဘာပြန်ပြောတာတုန်းဆို တဲ့ မေးခွန်းလေးကိုငါ ပြန်ဖြေခဲ့ ပြီနော်
ဆောင်းပါးဖတ်သည်။
ဆွေးနွေးသည်။
[5]
←
နောက်သို့
/my/blogroll/nyeinmahaw08/page/4?p=3
CTRL
ရှေ့ သို့ →
/my/blogroll/nyeinmahaw08/page/4?p=5