yenaingwin73 RSS Available

ဝေဒနာဟာ နေ့စွဲမပါ။ လက်ရှိဘဝကို ဆန်းစစ်ကြည့်ပါ။

အမှောင်ကင်းသောနေ့

6/18/2012 တွင် တင်ထားသည်။ yenaingwin73
Tags:ကဗျာ

 

ရနံ့မွှေးပျံ့  သင်းရနံ့ လွင့်ပျံသင်းကြိုင်ပြီ။
သတင်းစကား ရင်ထဲအား အမှောင်ခွင်းစေသည်။
တည်ငြိမ်မျက်နှာ ရင်ထဲမှာ ခွန်အားဖြစ်စေသည်။
အေးမြအပြုံး သူ့မျက်လုံး တောက်ပလင်းလက်သည်။
သူ့ဂုဏ်သတင်း အမှောင်ခွင်း နေရောင်ထွန်းလင်းပြီ။
နိုင်ငံဂုဏ်ဆောင် သူစွမ်းအောင် သင့်တင့်လှပေသည်။
ကိုယ်ကျိုးမဖက် လူမျိုးတွက် ရဲရင့်လှပေပြီ။
မျိုးရိုးဇာနည် သူ့နာမည် ကမ္ဘာလွှမ်းစေပြီ။
အကြမ်းမဖက် ငြိမ်းချမ်းလျက် လိုက်ဖက်တင့်တယ်သည်။
ဘယ်လိုအမှောင့် သူမကြောက် ဇာနည်သွေးရဲသည်။
နောင်မျိုးဆက်တို့ ဂုဏ်ယူဖို့ လမ်းပြခဲ့လေပြီ။     ။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ရပ်ကြည့်မိသောဘဝ

2/20/2012 တွင် တင်ထားသည်။ yenaingwin73


- တစ်ရက်နဲ့တစ်ရက် ဝေးကွာစွာကျော်ဖြတ်ရင်း
ငါ့အတွေးတွေက ဆေးလိပ်ငွေ့လို...
ရုတ်တရက် ငါ့အတွေးအိမ်ထဲ
ဘယ်အတွက်ကြောင့် ငါရှင်သန်နေမိ။

- တစ်ဖြည်းဖြည်း ခက်ခဲစွာ ဖြတ်ကျော်ရင်း
ငယ်ရွယ်နုပျို ဘဝတွေက
ပြန်မရတော့ပြီ ဆိုတဲ့အသိ ငါရလိုက်ချိန်
ဖယ်ရှားခံလိုက်ရတဲ့ ခံစားချက်များက ငါ့နှလုံးအိမ်ထဲမှာ
ဘယ်အရာကိုမှ ထပ်ပြီး မခံစားတတ်တော့။

( ရာသီတစ်ဖန် ပြန်လည်ချိန် ထွက်ခွာသွားသော ငါ့ရဲ့ မေတ္တာက ဘယ်မှာလဲ?
ငါကပြစ်ခွာပြေးတာမဟုတ်တော့ ငါ့ဟာ ရှာရခက်ပြီပေါ့။)

- တဖြည်းဖြည်း မေ့လို့ရမယ်ဆိုပေမယ့်လည်း
နားခိုသွားခဲ့သော မေတ္တာအိမ်လေးက လှုပ်ခတ်နေဆဲပါ။
မနက်ဖြန်ဟာလည်း ဒီလိုနဲ့ပဲ ဝေးကွာစွာ ကျော်ဖြတ်လျက်သာ
နေ့စဉ်နေ့တိုင်း ဒီလိုနဲ့ပဲ ခွဲခွာလျက်သာ
နေ့တိုင်းဒီလို ခွဲလျက်ပါ
မဆုံနိုင်တော့တဲ့ ဘဝတွေသာ။ ။


(19/02/2012) 11:20

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

အမေသို့...

6/24/2011 တွင် တင်ထားသည်။ yenaingwin73
Tags:ကဗျာ



အမေ
အားကိုးစရာ မဟုတ်သေးပေမယ့်
သားဆိုးတစ်ယောက်တော့ ကျနော်မဟုတ်ခဲ့ပါ။

ခက်ခဲ့တဲ့ခရီး ကြမ်းတမ်းတဲ့လမ်း
ခရောင်းလမ်းမှန်းလည်း သားသိပါတယ်..

အမေ
အမေ့ရဲ့ အပြုံး သားအတွက် ရင်အခုန်ဆုံးမို့
အမေနွမ်းလျှ ညှိုးငယ်ပြမှာ သားတို့မလို။
အမေ့စကား ရင်ဝယ်ထားလို့
ဦးထိပ်ပန်ဆင် အမေ မငြိုငြင်အောင် နေခဲ့ပါတယ်…

သို့သော်…
ဗီဇကဆိုး ဝိဉာဏ်မျိုးက
ဝင်ရောက်ပူးကပ် နှောက်ယှက်လေလား?
နက်နဲအသိ နည်းလေရော့လား?
ပညာမဲ့သည့် ရမ္မက်ကြည့်နဲ့
မောဟဖုံးတော့
သွေးချင်းမလို စည်းစိမ်သာလိုတဲ့ သားဆိုးတွေ…

အာဏာပေါ်ဝဲစွဲ ပြည်သူကိုအသည်းခွဲ
မွဲလျက် ခွက်စွဲတာတောင် အကြင်နာဟာ
ပျက်သုန်းနေကြစဲပါ …

အမေ
မေတ္တာမဲ့သူ ကျေးဇူးပြောလည်း
ဒဏ္ဏာရီလား ရယ်စရာများ
ဖြစ်သွားလေမလား အမေ..

တစ်ကယ်ပါ အမေ
နီးလျက်နဲ့ဝေး ဝေးလျက်ဆုံခွင့်က ရေးတေးတေးမှာ
ဘဝကငို ကံကြမ္မာကို အပြစ်မဆို
သံသရာဟာ လည်ပတ်နေတာမို့
ကျေနပ်စွာ ဒီဝဋ်ကြွေး
ရင်ကော့ကာ သားတို့ပေးဆပ်လိုက်ပါ့မယ်…

အမေ
အမေ့ပြောစကား ဝေဝေဝါးဝါး သားတို့မဖြစ်ပါ။
စိတ်ချစွာနဲ့ အမေရဲ့ ဆန္ဒ
အမေတောင့်တတဲ့ ငြိမ်းချမ်းတဲ့ပြည်
ဒို့မြန်မာပြည်ကို စည်ပင်တိုးပွား
အေးချမ်းစွာဖြင့် သားတို့လက်တွဲ
တူယှဉ်နွှဲလို့ ညီညာစည်းလုံး
တစ်နိုင်ငံလုံး တွဲလက်မြဲမှ
လိုတရမှာ မလွဲပါ။
အနာဂတ်ဟာ အေးချမ်းစေရာ။ ။
(21/June /2011)

ဆောင်းပါးဖတ်သည်။   ဆွေးနွေးသည်။ [2]

ရောင်နီလာမယ့်နေ့

6/18/2011 တွင် တင်ထားသည်။ yenaingwin73

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ခဏသာ

6/14/2011 တွင် တင်ထားသည်။ yenaingwin73

“ ရုတ်တရက်ပါ

မဖိတ်ခေါ်ပဲ ဝင်လာခဲ့တာ..

ငြိမ်သက်နေတဲ့ နှလုံသားလေး

ဟိုဒီပြေးတော့ မောရပြီပေါ့။

 

ရုတ်တရက်ပါ

ပြောမကုန်တဲ့ ချစ်စကားများ

ဒိုင်ယာရီတွေ ပုံလို့သွားမယ့်

ရင်ခုန်သံက တေးသီပေးခဲ့။

 

ရုတ်တရက်ပါ

စား၊သွား၊နိုး၊ထ မေ့မရကြ

စွဲလမ်းစိတ်က အရိပ်လေလား

ထင်မှတ်ထားကြ။

 

ရုတ်တရက်ပါ

ကံကြမ္မာလှည့်ပြောင်း အကြင်နာတွေဟောင်း

ဝေဒနာတွေ ထပ်လောင်းခဲ့

မျှော်လင့်ချက်တို့ ပျက်ဆီးမယ့်

တံတိုင်းတစ်ခုက ကာဆီးခဲ့။

 

ဘယ်လိုပြောမလဲ? ဘာကိုအပြစ်ပုံမလဲ?

အကြင်နာဆိုသာ ရှင်သန်စရာမဟုတ်လေတော့

သင်္ချာလိုတွက် မေတ္တာဈေးကွက်

ငါနှုတ်ထွက်ပြီ။

 

ဟိုစဉ်စကား ပေးထားဂတိများ

လေလံဈေးဝယ် ကျန်ခဲ့လေပြီ။

 

တို့များအချစ် ပြန်ဆန်းစစ်တော့

အရောင်ဖုံးခဲ့ တစ်ခဏနသာ

ဒီဘဝမှာ ရုတ်တရက်ပါ။ "

(6/14/2011)

10:25 pm

 

ဆောင်းပါးဖတ်သည်။   ဆွေးနွေးသည်။ [2]

ဓါတ်ပုံများ

အမှတ်အသားများ (Tags)

နောက်ဆုံး ထင်မြင်ချက်များ

အမေသို့...
ဆရာ ကိုရဲနိုင်ဝင်း ကဗျာစာသားတွေကို  ကော်ပီကူးပြီး ယူထားပါတယ်..သိပ်ကောင်းတဲ့ သီချင်းလေးအတွက် စာသားလေးတွေဖြစ်ပါတယ်..ဆရာ သီ…
အမေသို့...
 ညီညွတ်မှသာလျှင် ရန်သူတို.ကို အောင်နိုင်ပါမည်။
ခဏသာ
တိုက်ဆိုင်မှုတစ်ခုပါ။ ကျေးဇူးတင်ပါတယ်..
ခဏသာ
ခံစားချက်တွေနဲ့ရေးထားတဲ့ကဗျာမို့လို့လားမသိဘူး တော်တော်ကောင်းတယ်
© 2013 အခမဲ့ Video Chat VZO chat! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။