* စိတ်အလိုလိုက် သိပ်မိုက်တဲ့ငါ *
1/4/2012 တွင် တင်ထားသည်။
Poempark
Tags:ကဗျာ
* ဘ၀တစ်ကွေ.မှာ
ဒို.စတွေ.တော့
ငါဆိုတာ
ခပ်ချာချာ လူတစ်ယောက်ပါ။
* သကာကြွယ်စကားတွေနဲ.
အချစ်ကိုလှည့်စား
နင့်အကြောင်းကြားရတာ
ငါနားခါးလိုက်တာဟာ။
* နင့်အလှမှာယစ်မူး
ငါကြည်နူးနေတုန်း
ရေလာဖို.မြောင်းပေး
အကြင်နာတွေ စတေးတော့
ငါဘယ်ပြေးနိုင်မလဲ။
* နင့်ရဲ.ချစ်ရည်လူးစကား
ခဏခဏကြားရတော့
အားလုံးအဟုတ်ထင်
နင်မှနင်ပဲ။
* အချိန်မဆိုင်းဘဲ နင်ခိုင်းသမျှ
လိုက်လုပ်ရတာ
ဖန်တစ်ရာတေလည်း
ငါကျေနပ်ဆဲပါ။
* ၀ဋ်ကြွေးထူတယ်ပြောလည်း
မငြူစူတဲ့သဘောက
ငါ့ရင်ထဲမှာ အပြည့်ပဲလေဟာ။
* ဒီလောက်အလိုက်တသိနဲ.
ချစ်မိနေတဲ့ငါ့ကို
ဘယ်အချက်တွေကြောင့်
စိမ်းရက်ခဲ့တာလဲ။
* နင်မရှိတော့ နင့်နာမည်ဟစ်ကြွေး
တသသ ပူဆွေးရတာတွေ
ငါမှ အခြားဘယ်သူများ
သိခဲ့မှာလဲလေ။
* နင်အမြင်မှန်ရပြီး
ငါ့ထံပြန်လာတော့လည်း
ဟို အရင်ကလို
အပြုံးမပျက်နေပေးခဲ့တာ
သိပ်ချစ်လွန်းလို.ပါဟာ။
* နောက်ထပ်မဝေးကြေး
အသက်ပေးချစ်မယ်
နင့်ရဲ.စကား ငါကြားရတော့
ကြည်နူးလိုက်တာ တကယ်ပါပဲ။
* မမြင်ချင်တဲ့မြင်ကွင်း
မကြားချင်တဲ့စကားကြောင့်
သံသယဆိုတာ
တခါတခါတော့ ရောက်ရောက်လာတယ်ဟ။
* ဒါပေမဲ့လေ
နင့်အပေါ်ချစ်စိတ်
ယိုဖိတ်နေတော့
နင်ပြောသမျှ နာခံရတာ
မဆန်းပါဘူးကွာ။
* ဘာပဲဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ်
ငါဘယ်လောက်ချစ်သလဲဆိုတာ
နင်သိနေရင် ကျေနပ်ပါပြီ။
* ရှေးလူစကား ငါကြားဖူးတယ်
ကျွန်ယုံတစ်ဖက်ကန်း
သားသမီးယုံစုံလုံးကန်း တဲ့
ချစ်သူ… အခုတော့
ငါနားတွေပါကန်းနေပြီဟာ။
- ရဂုံ(ရေဦး)-