*ပန်းတစ်ခင်း* ကဗျာများ
4/14/2012 တွင် တင်ထားသည်။
Myintthiha
Tags:ကဗျာ
*အန န္တငါးပါး ဦးညွှတ်တွား*
* သတ္တ၀ါအကျိုး၊ ရွက်သယ်ပိုး တန်ဖိုးမြင့်မြတ်၊ မနှိုင်းအပ် ဗုဒ္ဓမြတ်စွာ၊ ရတနာအား ရှိခိုးဦးချ၊ ရိုသေရမည်။ * ကျင့်လျှင်ချမ်းသာ၊ စိတ်မှာဆောင်ထား အကျိုးများသည့်၊ တရားတော်အား ရှိခိုးဦးချ၊ ရိုသေရမည်။ * သာသနာတော်၊ ရှည်ကြာတည်ရန် အကျင့်မှန်သော၊ သံဃာတော်အား ရှိခိုးဦးချ၊ ရိုသေရမည်။ * ကျေးဇူးလည်းများ၊ မေတ္တာပွါးသည့် မိဘတို.အား၊ ရှိခိုးဦးချ ရိုသေရမည်။ * အတတ်လည်းသင်၊ ဆုံးမပြင်သော ကျေးဇူးထင်ရှား၊ ဆရာတို.အား ရှိခိုးဦးချ၊ ရိုသေရမည်။ သီဟ(ရေဦး)
" အချစ်မီး"
မချစ်သင့်ရာ ၊ ချစ်မိလာသည့်
သာယာမှုသည်၊ များစွာတည်သော်
မခေါ်သော်လည်း၊ သောကမီးသည်
ကိုယ့်ဆီဆိုက်ဆိုက်၊ ကျွမ်းလောင်မြိုက်၏။
သီဟ(ရေဦး)
"လိမ်လည်ခြင်း"
* သကာဖုံးထား
အဆိပ်များ
စားမိသူမှာ
သေရရှာ။
* တန်ဆာဆင်ထား
သူမိုက်များကို
နှစ်လိုပေါင်းဖက်
စွဲမက်သူမှာ
သောကဖြာ။
* မာယာများသည်.
လောကထဲမှာ
အမှန်တရားဆိုတာ
မမြင်သာ။
သီဟ(ရေဦး)
" မယိမ်းမယိုင်"
ကတိသစ္စာ၊ စောင့်ထိန်းပါက
မယိမ်းမယိုင်၊ ကျောက်စာတိုင်သို.
ရန်သူတို.ကို၊ အနိုင်ယူ၏။
သီဟ(ရေဦး)
" လမ်း "
* ဘ၀ဆိုတာ
ရေပွတ်ပမာ
ခဏသာကြာ။
* တဒင်္ဂအချိန်လု
ဒုစရိုက်စုသူစု
သုစရိုက်ပြုသူပြု။
* ကံလမ်းညွှန်ရာ
သွားရရှာ
သနားဖွယ်ရာ
များသတ္တ၀ါ။
သီဟ(ရေဦး)
* ထူးမခြားနား*
* အရေခွံအဟောင်းပျောက်
အရေခွံအသစ်ရောက်
မြွေဆိုးတစ်ကောင်လမ်းလျှောက်။
* မြွေရေခွံသာပြောင်း
အဆိပ်မဟောင်း
သတ္တ၀ါတွေထောင်းထောင်းကြေဖို.ပင်။
သီဟ(ရေဦး)
* ကျေးဇူးရှင်ငါးပါး မပြစ်မှားရာ *
- ဘုရား တရား သံဃာ၊ မိဘဆရာ
အနန္တငါးပါး၊ ပြစ်မှားသူမှာ
ဂုဏ်သိက္ခာကျ၊ လားရပါယ်ရွာ
- ဤအကုသိုလ်အမှု၊ မပြုရှောင်ခွါ
အကျိုးများ၊ ချမ်းသာတိုးပွါးမှာ
တမလွန်ဘ၀၊ ရောက်ရနတ်တို.ရွာ။
သီဟ(ရေဦး)
* အချစ်ဆိုတာ *
* ကျနော်
ဆယ်ကျော်သက်အရွယ်က
အချစ်ကို တွယ်တာ
အချစ်၌အရူးအမူး
အလွန်ထူးတဲ့အရာလို.ထင်ခဲ့။
* ကျနော်
ဗုဒ္ဓတရားတော်ကို ဦးခိုက်
ဉာဏ်စိုက်သည့်သမယ
အသိတစ်ခုရလိုက်ပြီ။
* အချစ်ဆိုတာ
အနှစ်မပါတဲ့
အလစ်အဟာပါပဲ။
* အချစ်ဆိုတာ
နှစ်လိုဟန်ပြတဲ့ မိတ်ဆွေတု
မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူအစစ်ပဲ။
* သာယာဖွယ်တန်ဆာနဲ.
ကိုယ့်အနားမှာချဉ်းကပ်
တဖြည်းဖြည်းသတ်မယ့်
ရန်သူတပ်သားပဲ။
သီဟ(ရေဦး)
* အခင်းတစ်ထည် *
* သက်စောင့်မီးဓာတ်
ပြတ်တောက်သွားသည့်
အဘွားအိုရုပ်စု
ခု၍ခံထား
ပါး၍လှသော အခင်းတစ်ထည်။
* မမယ် ထည့်မယ်
အလောင်းကောင်သယ်တော့
အသုဘရှင် တားမြစ်ပင်၍
ထားခဲ့ရရှာ
ပါး၍လှသော အခင်းတစ်ထည်။
သီဟ(ရေဦး)
* စိတ်ရောဂါ *
* ကိုယ့်စိတ်ရောဂါ၊
ကိုယ့်ဖာသာ၊ အမြန်ကုရမှာ။
* ဘုရားသာသနာ၊ ဆေးနည်းရှာ
ကိုယ်တိုင်မှတ်ရမှာ။
* ကိုယ်ကိုတိုင်သာ၊ ဆေးစပ်ခါ
အမြန်သောက်ရမှာ။
သီဟ(ရေဦး)
" အမှားလိုက်သူ"
* ကိုယ့်လူမျိုးချမ်းသာဖို.
သူ.နေရာကိုတိုက်ခိုက်
ဘယ်လောက်မိုက်တဲ့ဇာတ်လဲ။
* လွတ်မြောတ်ဖို.အတွက်
ကိုယ်ရောသူရောဖောက်ခွဲ
ကိုယ်သေသူသေပေါက်ကွဲ
ဘယ်လောက်မိုက်တဲ့ဇာတ်လဲ။
* အကြမ်းဖက်တာကို
အကြမ်းဖက်နှင့်နှိမ်နင်း
အရူးဇာတ်ခင်းပြီ။
* မီးကို မီးနဲ.ငြှိမ်းတာ
မြင်ရသူမှာ
ရယ်ဖွယ်ရာ။
* ကြိုက်ကြိုက် မကြိုက်ကြိုက်
အမှားလိုက်သူ
စင်စစ်လူမိုက်။
သီဟ(ရေဦး)
*သည်းခံခြင်း*
* သည်းခံခြင်းတရား
ကျင့်ကြံပွါး
အကျိုးများလေသည်။
သီဟ(ရေဦး)
* ပဲ့တင်သံ *
* သူတပါးနိမ့်ကျ
ဝမ်းမြောက်ရလျှင်
မိမိဘဝ
နိမ့်ကျပေမည်။
သီဟ(ရေဦး)
* ဆန္ဒဆိုး *
* ဆန္ဒပြင်းထန်
လှိုင်းလေမာန်
မုန်တိုင်းဝင်ရောက်
တဲအိမ်ပျောက်။
* သစ္စာရိုကျိုး
ချစ်စိတ်ချိုး
မုန်တိုင်းလည်းပျောက်
အလင်းရောက်။
သီဟ(ရေဦး)