Google Voice Mail အသုံးပြုခြင်း

3/9/2012 တွင် တင်ထားသည်။ lwamwaynaing

Google Voice ဟာ လက်ရှိ ကိုယ်ကိုင်ဆောင်ထားတဲ့ ဖုန်းရဲ့ စွမ်းပကားကို မြှင့်တင်ပေးနိုင်တဲ့အရာတစ်ခုပါပဲ။ ကိုယ်ဖုန်းက မည်သည့်ဖုန်းအမျိုးအစား သို့မဟုတ် မည်သည့်လိုင်းပဲ ဖြစ်ပါစေ၊ အခမဲ့ ရရှိနိုင်တဲ့ Google Voice ကိုအသုံးချလိုက်မယ်ဆိုရင်တော့ သင့်ဖုန်းဟာ အောက်ပါ စွမ်းအားတွေ ပိုင်ဆိုင်သွားပါလိမ့်မယ်။

 

(၁) U.S Phone Number အသစ်တစ်ခု ရရှိခြင်း

(၂) မိမိဖုန်းထံဝင်လာသော SMS များနှင့် Voice Mail များကို မှန်သမျှကို Google Voice တွင် စစ်ဆေးနိုင်ခြင်း (Voice Mail များကို စာသားအဖြစ်ပါ ပြောင်းလဲပေးသည်)

(၃) Google Voice မှတစ်ဆင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုကို အခမဲ့နီးပါး ခေါ်ဆိုနိုင်ခြင်း၊ Message ပို့နိုင်ခြင်း (U.S နှင့် ကနေဒါ ဖုန်းအားလုံးကို အခမဲ့ ခေါ်ဆိုနိုင်ပါသည်)

(၄) မိမိဖုန်းထံဝင်လာသော SMS သို့မဟုတ် မိမိ Google Voice Number သို့ဝင်လာသော SMS များကို မိမိအီးမေးလ်သို့ လွှဲပြောင်းနိုင်ခြင်း

(၅) One Number System ကြောင့် မိမိကိုင်ဆောင်ထားသော ဖုန်းများအားလုံးအတွက် Google Voice Number ဖြင့် ထိန်းချုပ်နိုင်ခြင်း၊ မိမိဖုန်းအားလုံးထံသို့ ၀င်လာသော Call များ၊ SMS များနှင့် Voice Mail များအားလုံးကို Google Voice တွင် Login ၀င်ရုံဖြင့် သိရှိနိုင်ခြင်း၊ ဖတ်ရှုနိုင်ခြင်း။

(၆) မိမိဖုန်းထံ အ၀င်ဖုန်းခေါ်ဆိုမှုအားလုံးကို Google Voice ဖြင့် လက်ခံဖြေဆိုနိုင်ခြင်း

 

အထက်ဖော်ပြချက်များအပြင် Google Voice တွင် နောက်ထပ် Features များ ကျန်ရှိပါသေးသည်။ Google Voice ကို အသုံးပြုလိုပါက www.google.com/voice သို့ သွားရောက်ပြီး အသုံးပြုနိုင်ပါသည်။

by Myanmar IT Men

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← Mobile မှာ မြန်မာလို ပေါ်ဖို့ …   Blog သို့ပြန်သွားသည်။   Creating New Google Account us… →
© 2013 အခမဲ့ Video Chat VZO chat! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။