မကြည့်စေချင်တဲ့ ဆိုဒ်တွေကို လွယ်လွယ် ကူကူ Block လုပ်ရအောင်
Išsiųsta 2012.03.15 iki
lwamwaynaing

ကျွန်တော် အခု မိမိတို့ရဲ့ ကွန်ပျူတာမှာ မကြည့်စေချင်တဲ့ ဆိုဒ်တွေကို အချိန်အကန့်အသတ် ထားပြီး ပိတ်ထားလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. FocalFilter ဆိုတဲ့ Software လေးကို အသုံးပြုပြီး မိမိတို့ မကြည့်စေချင်တဲ့ ဆိုဒ်ကို Block လုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် မသုံးတက်တဲ့ သူများ အလွယ်တကူ အသုံးပြုလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ ကွန်ပျူတာမှာ FocalFilter ကို Install လုပ်လိုက်ပါ .. ။ ပြီးရင် အဲ့ဒီကောင်လေးကို ဖွင့်လိုက်ပါ .. စစချင်း ကျွန်တော်တို့ ကွန်ပျူတာမှာ လာသုံးတဲ့ သူတွေကို မကြည့်စေချင်တဲ့ ဆိုဒ်တွေကို ကြည့်လို့မရအောင် Block လုပ်ပါမယ် ..
ပထမှ ဦးစွာ အောက်ကပုံမှာ ပြထားတဲ့အတိုင်း အချိန်အပိုင်းအခြားကို ရွေးပေးလိုက်ပါ .. မိမိတို့ Block ချင်တဲ့ ဆိုဒ်ကို အချိန် ဘယ်လောက်ကြကြာ BLOCK လုပ်ထားမယ် ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်..

နောက်တစ်ဆင့် မိမိတို့ Block လုပ်ချင်တဲ့ ဆိုဒ် လိပ်စာတွေကို ထည်ပေးဖို့ အတွက် Edit My Site List ကို နှိပ်လိုက်ပါ ..

မိမိတို့ ဘလော့ချင်တဲ့ ဆိုဒ်လိပ်စာကို ထည့်ပြီးရင် Save လိုက်ပါ ..

ပြီးရင် နောက်တစ်ဆင့် မိမိတို့ မကြည့်စေချင်တဲ့ ဆိုဒ်ကို Block လုပ်ဖို့ အတွက် Block My Site List ကိုနှိပ်လိုက်ပါ .. ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာမှာ မကြည့်စေချင်တဲ့ ဆိုဒ်ကို ဖွင့်လို့ရမှာ မဟုတ်တော့ပါဘူး ..

တကယ်လို့ ကျွန်တော်တို့က Block လုပ်ထားတဲ့ ဆိုဒ်ကို သတ်မှတ်ထားတဲ့ အချိန် မတိုင်ခင် ပြန်ဖွင့်ချင်တယ် ဆိုရင် မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Box လေး ပေါ်လာရင် OK ပေးလိုက်ယုံပါပဲ ..

ဒါဆိုရင်တော့ စောစောက Block လုပ်ထားတဲ့ ဆိုဒ်ကို ပြန်ပြီးတော့ ဖွင့်လို့ ရသွားမှာ ဖြစ်ပါလိမ့်မယ် .. သုံးချင်တဲ့ သူတွေအတွက် အောက်မှာ လိုအပ်တဲ့ ဆော့ဝဲလ်ကို တင်ပေးထားပါတယ် ..
Download From Mediafire
http://www.mediafire.com/?vi2lswgtplki7la
Download From Sharebesat
From…http://www.nayminmaung.info/2012/03/block.html