Blog မှာ Copy မရတာကို ရအောင်လုပ်မယ်။

Išsiųsta 2012.03.08 iki lwamwaynaing

Blog မှာ Copy မရတာရအောင်လုပ်မယ် ဆိုတာလေး တင်ချင်နေတာတော့ကြာပါပြီး အခုတလော

ရေးမယ်ဆိုပြီး ခေါင်းစဉ်လေးဘဲ ထားပြီးမရေးဖြစ်တဲ့ ပိုစ့်ပေါင်း ၁၀ ကျော်နေပြီး ဒီလိုများတော့လဲ ပိုပြီး 

ဆိုးတယ်. ရေးစရာတွေအများကြီးရှိတယ်ဆိုပြီး ခေါင်းထဲမှာ ရှုပ်နေပြီး ဘာမှကို Idea မရတော့ဘူး။

ဘာမှကို မရေးဖြစ်မေးထားတာတွေလဲ ပြန်မဖြေဖြစ် ဖြစ်နေတယ်။ ဒါပေမဲ့ အခု ဒီပိုစ့်လေးကို 

မေးလာတဲ့ လူရှိတာနဲ့ စိတ်ထားမှာရေးခြင်နေတာနဲ့ တော်ဖြစ်သွားတယ်။ တကယ်တမ်းတော့ မကောင်းတဲ့

နည်းပညာလားလို့ဘဲ..ဒါပေမဲ့လဲ ကောင်းတယ်မကောင်းဘူးဆိုတာက အသုံးပြုတဲ့ လူပေါ်မှာ မှုတည်ပြီး

ပြောင်းလဲသွားတာမို့ ကျွန်တော်အနေနဲ့ ကောင်းတယ်မကောင်းဘူးကို ကြည့်မနေတော့ဘဲ ကိုယ်သိထား

တဲ့ နည်းပညာလေးကို ပြန်ဝေမျှလိုက်ပါတယ်။

 

ဒါကတော့ Blog တွေကို ၀င်လိုက်ရင် Right Click Disable ဖြစ်နေတာတို့ စာသားတွေကို Select လုပ်

လို့မရတာတို့ ကြုံဘူးကျမှာပေါ့ ဓာတ်ပုံတွေကို Download လုပ်ခြင်ပေမဲ့ မရတာတို့ပေါ့ ဒါတွေကို 

ဖြေရှင်းရမဲ့ နည်းလမ်းက အခက်ကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကူးချင်ပြီး ကူးလို့မရတဲ့ Blog ကို

Browser (Internet Explorer,Firefox,Chrome) မှာ File-Save Page as ကိုနှိပ်ပါပြီးတော့

Desktop မှာ save ပေါ့။ ပြီးတဲ့ အခါမှာ Desktop ကိုသွားပြီး Download ရလာတဲ့ Blog page လေးကို

Right click - Open with Microsoft Word ကိုနှိပ်လိုက်ပါ. အေးအေးဆေးဆေး copy လို့ရပါပြီး။

Font တွေမတူဘူးဆိုရင် အားလုံး Select မှတ်ပြီး Font မှာ zawgyi or myanmar 3 ကိုပြောင်းလိုက်ပေါ့။

ဒီ Blog က ပုံတွေကိုပါ Save ထားတဲ့ Desktop မှာ Folder လေးတဲ့ ဒီ Blog ရဲ့နာမည်နဲ့ တွေ့ပါမယ်။

အဲဒီအထဲမှာ Blog ထဲက ပုံတွေရော Script တွေရော အစုံပလုံကို အေးအေးဆေးဆေး ရယူလို့ 

ရပါတယ်လို့

 

ဆိုတာကို ကျွန်တော် တင်ပေးလိုက်ပါတယ်။

SBSangpi(စံပီး)

 

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← Gmail Back Up (or) Gmail H***i…   Grįžti į dienoraštį   Zawgyi for Android →
© 2013 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.