ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၁၉

Posted on 1/13/2012 by SALEISHA

 

 

ွတငြိမ်းချမ်းသာခွင့် ရသွားတဲ့ ဦးခင်ညွန့်

Eleven မီဒီယာ ဖေ့စ်ဘုတ်မှာတော့ ဦးခင်ညွန့် ပြောဆိုချက်များကို အခုလို တွေ့ရပါတယ် -

" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။

12:14 PM
"လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ မြင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ဆက်လက်ပြောကြားခဲ့သည်။

 

ဦးခင်ညွန်.နှင့် ၄င်းရဲ.ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ
မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့သူတွေထဲမှာ ဦးနေဝင်းရဲ့ သားမက် ဦးအေးဇော်ဝင်း၊ မြေးဖြစ်သူ ဇွဲနေဝင်းတို့ ပါပါတယ်။ ကျန် မြေးနှစ်ယောက် ကျော်နေဝင်း၊ အေးနေဝင်းကတော့ မလွတ်သေးပါ။


လွတ်လာသူ ဇွဲနေဝင်း   က ဘီဘီစီကို ဒီလို ပြောထားတာ တွေ့ပါတယ်။

ပြန်လွတ်လာသူ ကိုဇွဲနေဝင်းက မလွတ် သေးတဲ့ အကို နှစ်ယောက် နဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောရာမှာ သမ္မတ အနေနဲ့ အတိတ်က အမွေကို ဆက်ခံပြီး ဆက်လက် လုပ်ကိုင်နေရတာ ဖြစ်တဲ့ အတွက် အခက် အခဲတွေ ကြားထဲက လုပ်နေရတယ် ဆိုတာကို နားလည်ပေးနိုင်တဲ့ အကြောင်း ပြောပါတယ်။

သူတို့ မိသားစုရော ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ လွှတ်ပေးမှာ မဟုတ်ဘူး ဆိုတာ တပ်ထဲမှာ ပြော နေခဲ့ကြတဲ့ အတိုင်း မလွတ် ခဲ့ဘူး၊ အခု အစိုးရ လက်ထက်မှ လွတ် လာတယ်လို့ သူက ပြောပါတယ်။

ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန် အတွင်း ဖခင်နဲ့ရော တခြား အစ်ကိုတွေ နဲ့ပါ အတူ နေထိုင် ခဲ့ရ တယ်လို့ ကို ဇွဲနေဝင်းက ပြောပါတယ်။

၁၀ နှစ်ကျော်ကြာ ထောင်ကျ နေခဲ့တဲ့ ကာလ အတွင်း သူတို့ အားလုံး မိခင် ဖြစ်သူနဲ့ လုံးဝ တွေ့ခွင့် မရခဲ့ဘူး၊ ဒီလို အခြေ အနေမျိုး ကိုလည်း မျှော်မှန်း ထားခဲ့ပြီး ဖြစ်တယ်၊ မိခင်နဲ့ ပြန် တွေ့တော့ ဝမ်းသာ မိတယ်လို့ ကိုဇွဲနေဝင်းက ပြော ပါတယ်။

ဦးနေဝင်းရဲ့ သမီး မြေးနေဝင်းများရဲ့ အမေ ဒေါ်စန္ဒာဝင်း   ကတော့ ဒီလို ဆိုပါတယ်။

ကလေးတွေကို ပြန်ပို့တဲ့ သူတွေနဲ့ ကျမတို့က သမ္မတကြီးနဲ့ အဖွဲ့ကိုပေါ့ စကားပါးလိုက်ပါတယ်၊ ကိုယ်မိသားစုကို စောင့်ရှောက်ပေးပါ။ ယုံကြည်ပါတယ်၊ နောက်ပြီးတော့ သမ္မတကြီးကို Merciful President ဆိုပြီး ပါးစပ်က ချက်ခြင်းထွက်သွားလိုက်တယ်၊ စိတ်ထဲမှာရှိတဲ့ အတိုင်းပေါ့လေ၊ သူဟာ He try to show mercy အဲဒီလိုယူဆပါတယ်။
ကောင်းပါတယ် ။အဲဒီလို အကောင်းစားလေးတွေ ထောင်ထဲက လွတ်လာတာပါ ။ရန်ကုန်မြို.နေ ပြည်သူလူထုတွေ ဘုရားတရားများများသာ လုပ်ပြီး သတိသာထားပေတော့ ။လူတွေကို အကျိုးလဲ မပြု ၊ဒုက္ခ များသာ ပေးလေ့ရှိတဲ့ အဲဒီလို အကောင်းစားလေးတွေ ရန်ကုန်မြို.မှာပဲ သွားစုနေတော့ ရန်ကုန်မြို.နေ လူထုတွေ အတွက်တော့ ရင်လေးမိပါတယ် ။ 

ကိုးကားချက် ။     ။  Forward Mail  တစ်ခုမှ ဖော်ပြချက်။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကောင်းပါသလား...ကောင်းပါ၏လား..…   Return to blog   ကောင်းပါသလား...ကောင်းပါ၏လား..… →
© 2013 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.