မြင်ကွင်း...
Posted on 7/16/2009 by
sunny
လမ်းတဖက် မှာပ
သူ့အမြီးကို အပေါ်ထောင်
ခေါင်းကလေး တ မော့မော့
ကြော့ကြော့လေးသွား
အမြှီးလေးများ တစ်ထောင် ထောင် နဲ့ . .
လက်ရပ်ပြီး ခေါ်နေသယောင် ပါပဲ . . .
ဒီမှာတင်..
ကိလေသာ လှိုင်းတစ်လုံး
သိမ်းကျုံးလို့ ကုန်း အထ
စိတ်ထိမ်းကာရချင်တော့ဘူး . . .
ဒီလမ်းကို ဖြတ်ခါကူး
မြူးတူးကာ နှစ်ကိုယ်ပျော်ဖို့
ဘေးဘယ် ညာ
မကြည့်အားတော့ဘူး
ကဲ....ကူးလိုက်ပြီနော် .
ကျွီ .... ခနဲ ရပ်
အုန်း ... ခနဲ မြည်
ဘုန်း .. . ခနဲ လဲကျ
အော်ဖို့တောင် အချိန်မရ
သေရှာလေပြီ ဟောဟိုမှာ
လမ်းဘေးနားက ခွေးလဒ ၁ကောင်ပေါ့..!