ဖယောင်းတိုင်လေး... RSS Available

မှိန်ဖျော့ဖျော့အားအင်လေးနဲ့... ကိုယ်ပိုင်အလင်းကို... ကိုယ်တိုင်စတေးပြီး... တခြားသူအတွက်... အပြုးမပျက်... သူပေးဆပ်တယ်...။ ကိုယ်ပိုင်အလင်းရှိပေမဲ့... ကိုယ်တိုင်လောင်မြိုက်ခံရင်း... (တစ်နေ့) အဆုံးသတ်ရမဲ့အချိန်ကို... ကျေနပ်စွာ..သူစောင့်ကာ... မကြာခင်... သူ့ဘဝ... အမှောင်ကမ္ဘာထဲမှာ... တစ်ကိုယ်တည်း... အလင်းမဲ့...အထီးကျန်စွာ... ဖယောင်းတိုင်လေး... ပျော်သလိုနေပါစေလေ...။ (နန်းမဝ) cradit to go nan_ma_wa http://vzochat.com/en/Photo/102354

လူမသတ်ပါနဲ့ . . . ညှာတာပါ .

Geschrieben am 04.10.2010 von Traveller
Stimmung: . Musik: Slow Instrumental.
Tags:လူမသတ်ပါနဲ့ ညှာတာပါ

" လူမသတ်ပါနဲ့....ညှာတာပါ"

မေမေ.....မေမေ.... မေမေ.. မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိ၇ှာမှာတုံး ။သားက အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့ သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင် နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။

 သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။ အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ မေမေရဲ. ။ သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။ "ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ. သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် .. သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ် ..မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။ မေမေ သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။

 သားကတိပေးပါတယ် မေမေရယ်...

 ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ. ... အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ

 အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် ... ဟောဗျာ ... ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ

 သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေတယ်နော် ... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြငရတယ် မေမေ..။

 အဲ့အပြုံးလေးတွေ ဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်...

 အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။ မေမေက အရမ်းကို စိတ်လှုပ်ရှားနေတာလေ ..

ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး ။

 မေမေ့ရေ လုပ်ပါဦး ဖေဖေက စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ .. သားကြောက်လာပြီနော် မေမေရယ်...

 တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??

 ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သားသိပြီ ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့ စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေအကြောင်း ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။  အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ မေမေရယ် ။

နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ

 နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..

 ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်.. ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..

 မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ...

 သားကတော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် .. သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..

 ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..

 အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ

 အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။

ဖေဖေ က မေမေ့ကို " တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်" လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။

 သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်သေးလဲဟင် ..

 သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..

 မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။

မေမေလေ ဖွားဖွားနဲ. Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်တယ်လေ ..

မေမေ့ဗိုက်လေး ပူလာတော့ အကျီ်တွေ မတန်တော့ လို.လားဟင် ?

 မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက အချိုမြိန်ဆုံးပါပဲဗျာ ... နားထောင်လို.ကို မ၀ဘူး မေမေရယ် ..

 မေမေ... သားကို စောင့်နေနော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ

 အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။

 မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ .. သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင် သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ

 .. မေမေနဲ. သားနဲ. ကစားနေတာလေ ..။

 ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့ ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ. ဖေဖေ စကားတွေ များကြတယ်လေ ..

 သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက်.. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ ရဘူး

 သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ.ကို လူကောင်းလို. ထင်ထားလားမသိဘူးဗျာ ..

သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို သူရိုက်တယ်လေ။

ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူကသားကိုဘာလို. မုန်းနေတာလဲ ဟင်။

သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို.ပါဗျာ ... ။

 "မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို ဘာမှလဲ မပြောဘူးနော်..

 မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ

အခုဆို မေမေ ဖေဖေနဲ. တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး

သားကိုဘာမှမပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ သားကိုဂရုမစိုက်တော့ဘူး ။

 မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..

 သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို.လဲဆိုတော့ မေမေက

 အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို.သားခံစားရတယ် မေမေရယ်...။

 ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိုးနေတဲ့ အချိန်မှာ ဘာလို.အဲ့လိုမလုပ်တော့တာလဲ မေမေရယ်..

အရင်တုံးကလို ဘာလို . မလုပ်တော့တာလဲမေမေရယ် .. သားငို ချင်လာပြီနော်.. ။

 သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ. ။ မေမေ သားအတွက ဂုဏ်မယူ ဘူးလားဟင် ..?? သားတို. ဒီနေ. နေရာသစ်ကို

 သွားမယ်လို. မေမေနဲ. ဖွားဖွား ပြောနေသံကြားတယ် .. သားတော့အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ.တော့ ...

 အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ သိချင်ပါဘူးလေ ။ မေမေနဲ. တူတူ၇ှိနေရင် သားပျော်ပါတယ် မေမေရယ်...။

 သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေ၇ှိတဲ့ နေရာမလား ? မေမေ့ကိုသားပြောဖူးပါတယ် ..

သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခုသားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ်

 မေမေရယ်..စိတ်လဲလှုပ်ရှားနေတယ်ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ ...။

 မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံ တွေမြန်လာသလိုပဲနော်..။

မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သားလေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။

 သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။

သားကြောက်လာပြီ မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့

 စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ ။ တောင်းပန်ပါတယ်မေမေရယ် .. ပြောပါ ပြောပါ။

 သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။

 မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး

 ..သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..မေမေ့.. သားနာလို.ပါ မေမေရယ် ..

ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါမေမေရယ် ..

သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...

မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်... နော်.............................

 /\iv./\iv./\iv./\iv/\iv./\iv/\iv...../\iv .... ______________________________________ (Heart Beats)

 မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။

Angle လေးတွေက မေမေဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့

(Abortion )

 မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကိုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?

 မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..

 သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ မေမေရယ်.. ။

 မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို

 ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို. သားထင်ထားတာပါ မေမေရယ်..။

သူတို. သားလေ လူ.ဘ၀ကို ရောက်ချင်တယ် မေမေရယ်။

ဒီဘ၀မှာမနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို

 ပညာရှင်ကြီးဖြစ်အောင်ကြိုးစားပြိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့ သားမဖြစ်ချင်တော့ဘူး ၊ သား မုန်းသွားပြီ )

 မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

 သားလေ မေမေမျက်နှာကို အဝေကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် .. သား အမေ့ကို နမ်းချင်တယ်..

 မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ညဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် ...

 သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..

 သားဆန္ဒ တွေ ဘာလို. မဖြစ်လာရတာလဲဟင်...

 သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??

 သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..

 သား အမေ့အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာ၇ှိရင် တောင်းပန်ပါတယ် မေမေရယ်..

 ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...

 သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး

 " သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "

 

Every abortion is just…

One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.

 

( သင် Abortion ကို ဆန်.ကျင်တယ်ဆို ဒီ mail လေးကို FWD: လုပ်ပေးပြီး လူတွေ သိအောင် လုပ်ပေးပါဗျာ ...)

-------------------------------------------------------------------------

ကျွန်တော့ အမြင်...

ဘယ်သူ့ကိုမှ မရည်ရွှယ်ပါဘူး...
ကျွန်တော်ကလေး အရမ်းချစ်တတ်ပါတယ်...
ဒီပိုစ့် ကို ပြန်ဖတ်မိတိုင်း ခံစားမိပါတယ်...
တစ်ဖတ်ကကြည့်ပြန်ရင်... ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်မှ လူ့လောကထဲကို ခေါ်ယူတာမျိုးပဲဖြစ်သင့်ပါတယ် (ကလေးရဲ့ရှေ့ရေးကိုကြည့်ပြီးတော့ပေါ့)
ကလေးကိုချစ်တတ်တာကတော့ တိုင်းထက်အလွန်ပါပဲ...
...
ချစ်လွန်းလို့ဘာဖြစ်ဖြစ် မွေးချလိုက်မယ်ကွာ... ဆိုတာရယ်... ကလေးကို ဘယ်လောက်အတိုင်းအတာအထိ ပြုစုပျိုးထောင်ပေးနိုင်လဲဆိုတာရယ် တွေကို ပူးတွဲပြီး စဉ်းစားကြသင့်ပါတယ်...

ကလေးကိုဘာမှ မပြုစုမပျိုးထောင်နိုင်ပဲ မွေးချလိုက်ခြင်းဟာလဲ ကလေးကို နှိပ်စက်ညှင်းပန်းခြင်းတစ်မျိုးပါပဲ...

မိဘမဲ့ ကလေးဂေဟာတွေကလေးတွေ... တောင်းရမ်းနေရတဲ့ကလေးတွေ... ကလေးအလုပ်သမားတွေ... ဒါတွေကိုလဲ ထည့်စဉ်းစားပေးပါ...

နောက်ဆုံးအကြံပြုချင်တာကတော့ မိမိရဲ့ ပေါ့ဆမူကြောင့်သော်၎င်း၊ ဆန္ဒကို ဦးစားပေးမိ၍သော်၎င်း၊ တစ်စုံတစ်ခုကြောင့်သော်၎င်း၊ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ပေါ့
ကလေးရဲ့ရှေ့ရေးကို ထည့်တွက်ကြပါ...

အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ...

သင့်ကြောင့်(ဆန္ဒတစ်ခုကြောင့်) ဘဝတစ်ခုကို မပျက်စီးပါစေနှင့်....
                                            Dennis (Moment in Human Life)


Artikel lesen   Diskutieren [5]

I love you Mommy, but you never Love me... :(

Geschrieben am 04.10.2010 von Traveller
Stimmung: . Musik: We are the world - .
Tags:i love you mommy, but you never love me

Hi, Mommy. I'm your baby. You don't know me yet, I'm only a few weeks old. You're going to find out about me soon, though, I promise. Let me tell you some things about me. My name is John, and I've got beautiful brown eyes and black hair. Well, I don't have it yet, but I will when I'm born. I'm going to be your only child, and you'll call me your one and only. I'm going to grow up without a daddy mostly, but we have each other. We'll help each other, and love each other. I want to be a doctor when I grow up.

 

You found out about me today, Mommy! You were so excited, you couldn't wait to tell everyone. All you could do all day was smile, and life was perfect. You have a beautiful smile, Mommy. It will be the first face I will see in my life, and it will be the best thing I see in my life. I know it already.

 

Today was the day you told Daddy. You were so excited to tell him about me! ...He wasn't happy, Mommy. He kind of got angry. I don't think that you noticed, but he did. He started to talk about something called wedlock, and money, and bills, and stuff I don't think I understand yet. You were still happy, though, so it was okay. Then he did something scary, Mommy. He hit you. I could feel you fall backward, and your hands flying up to protect me. I was okay... but I was very sad for you. You were crying then, Mommy. That's a sound I don't like. It doesn't make me feel good. It made me cry, too. He said sorry after, and he hugged you again. You forgave him, Mommy, but I'm not sure if I do. It wasn't right. You say he loves you... why would he hurt you? I don't like it, Mommy.

 

Finally, you can see me! Your stomach is a little bit bigger, and you're so proud of me! You went out with your mommy to buy new clothes, and you were so so so happy. You sing to me, too. You have the most beautiful voice in the whole wide world. When you sing is when I'm happiest. And you talk to me, and I feel safe. So safe. You just wait and see, Mommy. When I am born I will be perfect just for you. I will make you proud, and I will love you with all of my heart.

 

I can move my hands and feet now, Mommy. I do it because you put your hands on your belly to feel me, and I giggle. You giggle, too. I love you, Mommy.

 

Daddy came to see you today, Mommy. I got really scared. He was acting funny and he wasn't talking right. He said he didn't want you. I don't know why, but that's what he said. And he hit you again. I got angry, Mommy. When I grow up I promise I won't let you get hurt! I promise to protect you. Daddy is bad. I don't care if you think that he is a good person, I think he's bad. But he hit you, and he said he didn't want us. He doesn't like me. Why doesn't he like me, Mommy?

 

You didn't talk to me tonight, Mommy. Is everything okay?

 

It's been three days since you saw Daddy. You haven't talked to me or touched me or anything since that. Don't you still love me, Mommy? I still love you. I think you feel sad. The only time I feel you is when you sleep. You sleep funny, kind of curled up on your side. And you hug me with your arms, and I feel safe and warm again. Why don't you do that when you're awake, any more?

 

I'm 21 weeks old today, Mommy. Aren't you proud of me? We're going somewhere today, and it's somewhere new. I'm excited. It looks like a hospital, too. I want to be a doctor when I grow up, Mommy. Did I tell you that? I hope you're as excited as I am. I can't wait.

 

...Mommy, I'm getting scared. Your heart is still beating, but I don't know what you are thinking. The doctor is talking to you. I think something's going to happen soon. I'm really, really, really scared, Mommy. Please tell me you love me. Then I will feel safe again. I love you!

 

Mommy, what are they doing to me!? It hurts! Please make them stop! It feels bad! Please, Mommy, please please help me! Make them stop!

 

Don't worry Mommy, I'm safe. I'm in heaven with the angels now. They told me what you did, and they said it's called an abortion.

 

Why, Mommy? Why did you do it? Don't you love me any more? Why did you get rid of me? I'm really, really, really sorry if I did something wrong, Mommy. I love you, Mommy! I love you with all of my heart. Why don't you love me? What did I do to deserve what they did to me? I want to live, Mommy! Please! It really, really hurts to see you not care about me, and not talk to me. Didn't I love you enough? Please say you'll keep me, Mommy! I want to live smile and watch the clouds and see your face and grow up and be a doctor. I don't want to be here, I want you to love me again! I'm really really really sorry if I did something wrong. I love you!

 

 

I love you, Mommy.

 

Every abortion is just…

 

One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.

 

If you’re against abortion, reblog.

 

"If you are against in abortion please share it"



                                                  Dennis (Moment in Human Life)

-----------------------------------------------------------------------

ကျွန်တော့ အမြင်... (i will translate later...)

ဘယ်သူ့ကိုမှ မရည်ရွှယ်ပါဘူး...
ကျွန်တော်ကလေး အရမ်းချစ်တတ်ပါတယ်...
ဒီပိုစ့် ကို ပြန်ဖတ်မိတိုင်း ခံစားမိပါတယ်...
တစ်ဖတ်ကကြည့်ပြန်ရင်... ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်မှ လူ့လောကထဲကို ခေါ်ယူတာမျိုးပဲဖြစ်သင့်ပါတယ် (ကလေးရဲ့ရှေ့ရေးကိုကြည့်ပြီးတော့ပေါ့)
ကလေးကိုချစ်တတ်တာကတော့ တိုင်းထက်အလွန်ပါပဲ...
...
ချစ်လွန်းလို့ဘာဖြစ်ဖြစ် မွေးချလိုက်မယ်ကွာ... ဆိုတာရယ်... ကလေးကို ဘယ်လောက်အတိုင်းအတာအထိ ပြုစုပျိုးထောင်ပေးနိုင်လဲဆိုတာရယ် တွေကို ပူးတွဲပြီး စဉ်းစားကြသင့်ပါတယ်...

ကလေးကိုဘာမှ မပြုစုမပျိုးထောင်နိုင်ပဲ မွေးချလိုက်ခြင်းဟာလဲ ကလေးကို နှိပ်စက်ညှင်းပန်းခြင်းတစ်မျိုးပါပဲ...

မိဘမဲ့ ကလေးဂေဟာတွေကလေးတွေ... တောင်းရမ်းနေရတဲ့ကလေးတွေ... ကလေးအလုပ်သမားတွေ... ဒါတွေကိုလဲ ထည့်စဉ်းစားပေးပါ...

နောက်ဆုံးအကြံပြုချင်တာကတော့ မိမိရဲ့ ပေါ့ဆမူကြောင့်သော်၎င်း၊ ဆန္ဒကို ဦးစားပေးမိ၍သော်၎င်း၊ တစ်စုံတစ်ခုကြောင့်သော်၎င်း၊ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ပေါ့
ကလေးရဲ့ရှေ့ရေးကို ထည့်တွက်ကြပါ...


အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ...


သင့်ကြောင့်(ဆန္ဒတစ်ခုကြောင့်) ဘဝတစ်ခုကို မပျက်စီးပါစေနှင့်....


                                                         Dennis (Moment in Human Life)



Artikel lesen   Diskutieren [6]

မှာပါရစေ ပြောပါရစေ

Geschrieben am 27.09.2010 von Traveller
Stimmung: . Musik: Slow Instrumental.
Tags:မှာပါရစေ ပြောပါရစေ

မှာပါရစေ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

 

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

 

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

 

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

 

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

 

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

 

(၂)

ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

 

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

 

ပြီးတော့ ဆက်ပြောပါရစေ...

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

 

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

 

လူသာဆုံးတာ ကျန်တာ မရှုံးဘူး

 

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

 

မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)




Credit; by Atta Kyaw on Friday, September 24, 2010 at 1:12pm Link

                                      ကျေးဇူးတင်ပါတယ်...

                                                      Dennis {Traveler} (ခေတ္တ - လူ့ပြည်)



Artikel lesen   Kommentar hinzufügen

အရှင်ဆန္ဒဓိက၏ ဥရောပခရီးစဉ်...

Geschrieben am 05.07.2010 von Traveller
Stimmung: .
Tags:အရှင်ဆန္ဒဓိက၏ ဥရောပခရီးစဉ်

ရာတော်သည် ယမန်နေ့၌့(04.07.10)ပင် ဩစတီးယားနိုင်ငံသို့ ရောက်ရှိပြီး ယနေ့၌့(05.07.10) ဂျာမနီသို့ ကြွချီသွားကြောင်း ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား ကျွန်တော်မှဆရာတော်၏ ခွင့်ပြုချက်မတောင်းမိပဲ သတင်းပေးလိုက်ပါသည်... {ရှစ်ခိုးဦးချတောင်းပန်လိုက်ပါသည် အရှင်ဘုရား...}

ယ္ခင်ရက်တော်တော်များများ၌ “အရှင်ဆန္ဒာဓိကအားဖမ်းဆီးထားခြင်း ဆက်လက်ဖြန့်ဝေရန်” ဆိုသော ဖော်ဝက်မေးများမှာ မဟုတ်မှန်ကြောင်း...

ဓါတ်ပုံလိုချင်သူများ ကျွန်တော့်ထံဆက်သွယ်နိုင်ပါသည်... သို့သော် ဆရာတော်နှင့် ကျွန်တော်တွဲရိုက်ထားသောပုံသာလျှင် ကျွန်တော့ထံ၌ရှိပါသည်...း) ကျန်သည့်ပုံများကတော့ ရက်အနည်းငယ်ကြာမှသာရနိုင်ပါမည်...

                                      ကျေးဇူးတင်ပါတယ်...

                                                      Dennis {Traveler} (ခေတ္တ - လူ့ပြည်)

 

Artikel lesen   Kommentar hinzufügen

စိတ် အချဉ်ပေါက်ခြင်း

Geschrieben am 23.06.2010 von Traveller
Stimmung: .
Tags:စိတ် အချဉ်ပေါက်ခြင်း

စိတ် အချဉ်ပေါက်ခြင်း

မြန်မာတွေပြောပါတယ်... နိုင်ငံတစ်ကာနဲ့ ယှဉ်ချင်တယ်လေး ဘာလေးနဲ့...

ပြီးရင် တစ်ကယ်လက်တွေ့ မလုပ်ကြဘူး...

ကွန်ပျူတာသုံးတတ်တဲ့ မြန်မာတိုင်း ၉၅%က အိုအက်စ်(OperatingSystem)မှာ မြန်မာစာသုံးချင်ကြတာချည်းပဲ...

အပြောပဲရှိတယ်” လက်တွေ့ မလုပ်ကြဘူး... မယုံရင် ဒီမှာ ကြည့်

တစ်နေ့ကို တစ်ယောက်နူန်းလောက်နဲ့ပဲ လက်တွေ့ထောက်ခံနေကြတယ်...

ဘယ်တော့ ၅ သိန်းပြည့်မလဲ စဉ်းစားသာကြည့်ကြပေတော့...

တစ်ကယ်တန်း ပလန်ချပြီး လုပ်ပေးတဲ့ လူတွေရှိနေတာတောင် အချိန်လေး ၁ မိနစ်လောက်

အကုန်ခံပြီး ထောက်ခံသူစာရင်း သွင်းဖို့ကျတော့ မလုပ်ကြဘူး...

၁ နာရီလောက်တော့ မသိတဲ့လူနဲ့လဲချက်တယ် သိတဲ့လူနဲ့လဲချက်တယ်...

ပြောချင်တာက လက်တွေ့လုပ်ကြပါ... ဒီ အကြောင်းအရာနဲ့ ပတ်သတ်တာတွေကို မိမိသိတဲ့ SocialNetwork တွေမှာလဲ ဖြန့်ဝေပါ...

လူသိအောင်လုပ်ပါ... တစ်ကယ်ထောက်ခံချက်ရေးဖြစ်လာအောင်လဲလုပ်ပါ...

စာဖတ်သူကော လုပ်ပြီးပြီလား... အခုလုပ်လိုက်ပါ... ၁ မိနစ်ထဲပါ... အကျိုးရှိပါတယ်...

 

   ကျေးဇူးတင်လျှက်...

                                           Dennis {Traveler} (ခေတ္တ - လူ့ပြည်)

 

Artikel lesen   Diskutieren [1]

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတက်ရန် လက်မှတ်ထိုး ပေးကြပါ

Geschrieben am 13.06.2010 von Traveller
Stimmung: .
Tags:မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတက်ရန် လက်မှတ်ထိုး ပေးကြပါ

နိုင်ငံတကာယှဉ်နိုင်ဖို့ မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတက်ရန် လက်မှတ်ထိုး ပေးကြပါ
မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတက်ပြီးနိုင်ငံတကာ ကိုယှဉ်နိုင်ဖို့အတွက်Microsoft ရဲ့Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့ လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီ ပေးနိုင်ရန် အောက်ပါလင့်သို့ဝင်ရောက်၍ကူညီပါခင်ဗျား။

http://myanmar-myanmar.net/index.php?option=com_petitions&view=petition&id=122&Itemid=465

 

                                          Dennis {Traveler} (ခေတ္တ - လူ့ပြည်)

 

Artikel lesen   Diskutieren [3]

Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုး...

Geschrieben am 13.06.2010 von Traveller
Stimmung: .
Tags:gmail web site အတု လုပ်ပြီး account နှင့် password များ ခိုး

Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုး...

ဒီနေ့လည် ကျွန်တော့်ညီ က ကျွန်တော့်ထံ သို့ လင့် တခုပေးပြီး အဲဒီ SITE က GMAIL
WEB SITE အသစ်လား ဟုမေးရာ ကျွန်တော် ၀င်ရောက် ကြည့်လိုက်ရာ
မြင်လိုက်ရသော WEB
SITE ကြောင့် ကျွန်တော့်ညီအား အဲဒီ SITE မှာ ဘာ USERNAME , PASSWORD
နဲ့ မှ
ရိုက်ပြီး မ၀င်ရန် အမြန်ကြောင်းကြားရပါသည်။

ဘာကြောင့်လဲဆိုတော့
အဲဒီ SITE က GMAIL WEB SITE အတုပါပဲ ...


ပူးတွဲပါ ပုံ FAKEGMAIL.JPG ကိုကြည့်ပါ။


တကဲ့ အစစ် GMAIL WEB SITE က ပူးတွဲပါပုံ REALGMAIL.JPG ပါ။

 




ကွာခြားချက်ကတော့ ....

၁ - GMAIL အတု SITE ရဲ့ လိပ်စာက
http://tdbear.freehostia.com.freehostia.com/
ဖြစ်ပြီး GMAIL အစစ် WEB SITE နဲ့ ဆင်တူရိုးမှား ဖြစ်အောင်
လုပ်ထားပါတယ် ...
တကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ HTTPS://WWW.GOOGLE.COM ဒါမှမဟုတ်
HTTPS://MAIL.GOOGLE.COM
နဲ့ စ ရမှာဖြစ်ပါတယ်။

၂ - GMAIL အတု SITE မှာ FREE SPACE ဟာ 3.2 GB ကျော်ကနေ
စတင်ရည်တွက်နေပြီး
တကဲ့အစစ် GMAIL SITE မှာကတော့ 7.4 GB ကျော်နေပါပြီ ....

ဒါကြောင့် မတော်တဆ အဲဒီ SITE ထဲရောက်သွားခဲ့ရင် ဘာမှ မရိုက်ပဲ အဲဒီ
PAGE ကို
ပိတ်ချလိုက်ပါ။
ကျွန်တော့် အထင်ကတော့ မသမာသူတွေဟာ သူများတွေရဲ့ GAMIL ACCOUNT တွေကို
ခိုးဖို့
အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။

တကယ်လို့များ အဲဒီ SITE ကနေ GMAIL ထဲ ၀င်သွားခဲ့သူများရှိပါလျှင်
ကိုယ့်ရဲ့
PASSWORD ကို တကဲ့ GAMIL လိပ်စာ အစစ်အမှန် ဖြစ်တဲ့
HTTPS://MAIL.GOOGLE.COM မှဝင်ပြီး အမြန် ပြောင်းကြပါ။
အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ် ...
အဲဒီ GMAIL အတု SITE ကနေ ၀င်လဲ ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပဲလို့
....

ဟုတ်ပါတယ် ....
ကိုယ်လဲ ဖတ်နိုင်ပါတယ် ...
ကိုယ့် PASSWORD ရသွားတဲ့ သူတို့လဲ
ဖတ်နိုင်ပါတယ် ...
ဘာကြောင့်လဲဆိုတော့ ...
အဲဒီ GMAIL အတု SITE က ရိုက်သွင်းလိုက်တဲ့ USERNAME နဲ့ PASSWORD ကို
မှတ်သားထားလိုက်ပြီး တကဲ့ GMAIL SITE အစစ်စီ FORWARD ဒါမှမဟုတ် DIVERT
လုပ်အောင် PROGRAM သွင်းထားတာပါ။
ဒါကြောင့် ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့
အချိန်မှာ
သူတို့က ကိုယ့်ရဲ့ USERNAME နဲ့ PASSWORD ကိုရသွားပါပြီ။
နောက်ဆုံး ကိုယ့် PASSWORD ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင်
ကိုယ့်
ACCOUNT ပါ ဆုံးသွားမှာဖြစ်ပါတယ်။


COMPUTER လောကမှာတော့ PHISHING (ဖစ်ရှင်း ) လို့ခေါ်ပါတယ် ...
ငါးမျှားတဲ့ FISHING အသံထွက်အတိုင်းပါပဲ ...
အဓ္ဓိပယ် လဲ ဆင်တူပါပဲ ။
ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီးဖမ်းသလို အခုဟာက USERNAME နဲ့
PASSWORD
တွေကို SITE ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။

ဘယ်လိုကာကွယ်မလဲ
MAIL တွေမှာ ပါလာတဲ့ လင့်တိုင်းကို မနှိပ်ပါနဲ့။
နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ WEB SITE ရဲ့ ADDRESS က
ဟုတ်
မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
အခုလို USERNAME PASSWORD တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။
အကောင်းဆုံးကတော့ ADDRESS BAR မှာ ကိုယ်တိုင်ရိုက်ထဲ့တာ
အကောင်းဆုံးပါပဲ။
PASSWORD ကိုလဲ မကြာခဏပြောင်းပေးပါ။


Source;  http://www.thuriya.org/dassk/inxex.htm

                                          Dennis {Traveler} (ခေတ္တ - လူ့ပြည်)

Artikel lesen   Diskutieren [1]

ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း

Geschrieben am 09.06.2010 von Traveller
Stimmung: . Musik: John Denver - Country Roads.
Tags:ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း

အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄
ယောက်၊ အာဖရိကလူမျိုး ၈ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက
အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်
ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေ
လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး
ရှင်းလင်းစွာ တွေ့နိုင်တာက....

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင်
အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊
နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊
အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ
သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊
နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ
၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊
အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ
လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့
နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ
သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ
စိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို
အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်
နေလိုက်ကြပါ။
အီမေလ်းမှတဆင့်ပြန်လည်ဖော်ပြပါသည်။


 ကြိုက်မိ၍ တင်မိ၏...

                                          Dennis {Traveler} (ခေတ္တ - လူ့ပြည်)

 

Artikel lesen   Kommentar hinzufügen

အနှစ် ၂၀ မှာ ဖြစ်လာမယ့် သင့်ရဲ့ပုံ

Geschrieben am 28.05.2010 von Traveller
Tags:see you in 20 years

နောင် အနှစ် ၂၀ မှာ ဖြစ်လာမယ့် သင့်ရဲ့ပုံ ကို သိချင်ပါသလား

စမ်းကြည့်လို့ ရပါတယ်...

    စမ်းကြည့်ပါ...

 

စမ်းကြည့်ချင်လား...?

ဒီမှာ နှိပ်ပါ..

 

မသိသေးသူများအတွက် ရည်ရွှယ်ပါသည်...

                                          Dennis {Traveler} (ခေတ္တ - လူ့ပြည်)

 

Artikel lesen   Kommentar hinzufügen

See you in 20 Years

Geschrieben am 28.05.2010 von Traveller
Stimmung: . Musik: John Denver - Country Roads.
Tags:see you in 20 years

Who want to know about your face in next 20 year?

You can Try!

Check it Out!

 

You wanna Try?

Click Here

 

If you already know its OK! I making for unknow person!

                                          Dennis {Traveler} (ခေတ္တ - လူ့ပြည်)

Artikel lesen   Kommentar hinzufügen

CTRL früher
/de/blog/kyawhtetaung?p=2

Fotos

Benutzer hat noch kein Foto.

Tags

Neue Kommentare

ကမ္ဘာကြီးပျက်မယ်တဲ့
၂၀၁၂ မှာ ကမ္ဘာကြီး တကယ်ပဲ ပျက်စီးတော့မှာလား . . . . ?ဆိုတဲ့ မေးခွန်းကို ကျွန်တော် ၂၀၁၀ အစောပိုင်းကနေ မြင်တွေခဲ့ရတာပါ။ အဲဒီမေးခွ…
I love you Mommy, but you never Love me... :(
U r making me to cry after reading this :(
လူမသတ်ပါနဲ့ . . . ညှာတာပါ .
i like this blog, thank you. I will forward this  to all my friends.
© 2013 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.